You are on page 1of 1

တော်လှန်ရေးခေါင်းဆောင်၊ ပြည်သူ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုခေါင်းဆောင်၊ ဗိုလချုပ်ကျော်ဇော် ကွယ်လွန်ခြင်းအတွက် တလပြည့် အမှတ်တရ ၀မ်းနည်းသ၀ဏ်လွှာ နိဝင်ဘာ ၁၀၊ ၂၀၁၂ု ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန်

နံနက် ၃း၃၀ ခန့်တွင် ဗိုလ်ချုပ်ကျော်ဇော (အသက် ၉၃) ကွယ်လွန်ခဲ့သည်။ သစ္စာတော်လှန်ရေးစာပေအင်အားစုက အဖိုးသက်ရှည်ဟ၍ ချစ်ခင်ကြည်ညိုလေးစားစွာူ ခေါ်တွင်ခဲ့သည့်ဗိုလ်ချုပ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးလည်းဖြစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မီတီဝင်ဖြစ်သည့် ဗိုလ်ချုပ်ကျော်ဇော (တို့ဗမာအစည်းအရုံးဝင် သခင်ရွှေ၊ ရဲဘော်သုံးကျိတ၀င် ဗိုလ်ကျော်ဇော) ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူ၊ ပါတီနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲမိပါသည်။ ထို့ပြင် အဖိုးသက်ရှည် ဗိုလ်ချုပ်ကျော်ဇော အတွက် လူထုနှင့်အတူ နှမြောတသမဆုံး ဖြစ်ကြပါသည်။ လူဆိုသည်မှာ မွေးဖွားရုန်းကန်ခြင်းဖြင့် စတင်ခဲ့သည့် လူ့ဘ၀သည် သေခြင်းတွင် နိဂုံးချုပ်စမြဲ။ သို့သော် မည်သို့ ရှင်သန်ကြမည်နည်း၊ ခေတ်ကပေးအပ်လိုက်သော တာဝန်ကို မည်သို့ကျေပွန်အောင် ထမ်းရွက်ကြ မည်နည်း။ ယင်းတို့၏အဖြေကို အဖြောင့်မတ်ဆုံး၊ ဖိုးသက်ရှည်ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူထု၊ မျိုးဆက်အဆင့်ဆင့်သို့ ကြီးမြတ်သည့် ပြသခဲ့ပြီးဖြစ်သည်။

လွတ်လပ်ရေးနှင့် ပြည်သူ့ဒီမိုကရေစီကို မြတ်နိုးယင်း၊ ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် အရိုးသားဆုံး၊ အရဲဝင့်ဆုံး၊ စွန့်လွှတ်အစွန့်စားဆုံး တိုက်ပ၀င်ခဲ့သည့်ွဲ သူရဲကောင်းစိတ်ဓါတ် ကိုလည်း ခေတ်တာဝန်ကိုကျေပွန်အောင် ထမ်းရွက်သယ်ပိုးယင်း ပြသခဲ့ပြီးဖြစ်သည်။ ချွတ်ခြုံကျနေသမျှ ထိုအချင်းအရာတို့ကို ဖျက်သိမ်းနိုင်သည့် သူရဲကောင်းစိတ်ဓါတ်များကြောင့်သာ အမှောင် ဘက် ခြမ်း၏ ဆန့်ကျင်ရာ အလင်းရောင်နှင့်အတူ တိုင်းပြည်သည် တောက်လက်နေခြင်းဖြစ်သည်။ တခြမ်းတပဲ့ လင်းရာမှ တတိုင်းပြည်လုံး သည်။ လွတ်မြောက်ရေးအလင်းရောင်ရရှိစေရန် ကျနော်တို့အဖိနှိပ်ခံများသည် အဖိုးသက်ရှည်၏ သူရဲကောင်းစိတ်ဓါတ်ကို ထာဝရ ဆုတ်ကိုင်ထားကြမည်ဖြစ်ကြောင်း အဖိုးသက်ရှည် ဗိုလ်ချုပ်ကို တိုင်တည်အပ်ပါ ဗိုလ်ချုပ်၏ မသေသောသူရဲကောင်းစိတ်ဓါတ်၊ ရန်သူကို အညံ့မခံ ဒူးမထောက်သည့် ချေမှုန်းရေး စိတ်ဓါတ်၊ ဗမာပြည် စစ်အာဏာရှင် အညစ်အစုတ် အယုတ်တမာများ၏ လက်တွင်းတွင် တိုင်းပြည်သည် ညှိုးမှိန်

အဖိနှိပ်ခံ အမျိုးသားလူထုအပေါ် ချစ်ခင်ကြင်နာပြီး လူထုအကျိုးကို ရွက်ဆောင်သည့် လူထု ခေါင်းဆောင်စိတ်ဓါတ်၊ တိုင်းပြည်နှငလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်သော တော်လှန်ရေးစိတ်ဓါတ်တို့ အဓွန့်ရှည်ရမည်။ အဖိုး၏့် စံပြစိတ်ဓါတ်အပေါင်းတို့ကို ဆက်လက်ဆုတ်ကိုင်ထားကြမည်ဟု ထပ်မံတိုင်တည် အပ်ပါသည် အဖိုး ဗိုလ်ချုပ်။

သစ္စာတော်လှန်ရေး စာပေအင်အားစု

You might also like