You are on page 1of 2

သာသာနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်

Sasanamoli

International Burmese monks Organization


84-32 Apt# 2A Grand Ave, ElMHURST, NY 11373 U.S.A Tel&Fax 718 426 3959

သို့

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်

ဘုန်းတော်ကြီး ဒလိုင်းလားမား

အခုအခါ ဂျပန်နိုင်ငံတွင် ကမ္ဘာသူ ကမ္ဘာသားများအားလုံး ငြိမ်းချမ်းရေးအတွက် ရောက်ရှိ

နေကြောင်းကြားသိရ၍ အထူှးမ်းမြောက် သာဓုခေါ်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

တိဘက်ပြည်အခြေအနေများကိုလည်း မြန်မာပြည်မှသံဃာတော်များလည်း မျက်ချည်မပြတ်

စောင့်ကြည့်လေ့လာနေကြောင်း ဆရာတော်ကိုလျှောက်ထားလိုပါတယ်။ (၂ှှ၈) ခုနှစ် (မတ်လ)တွင်

တိဘက်ပြည် သံဃာတော်များငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် တရုပ်အစိုးရမှ ရက်ရက်စက်စက်

ဖြိုခွင်းမှုအပေါ် မြန်မာသံဃာတော်များက အလွန်အမင်း စိတ်ထိခိုက်မှု ဖြစ်ရပါကြောင်း လျှောက်ထား

လိုက်ပါတယ်။ တိဘက်နှင့်မြန်မာပြည်သည် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည်မှာ လည်းတူညီသလို

တရုပ်အစိုးရ၏ လွှမ်းမိုးမှုခံနေရသည်မှာလည်း အတူတူဖြစ်နေ၍ အတူတူ ဒုက္ခရောက်

နေကြသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။ သို့အတွက် တိဘက်သံဃာတော်များနဲ့

မြန်မာသံဃာတော်များ တရုပ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်ရေးအတွက် အတူတူ

ှိုငှ်းန်းလုပ်ဆောင်ရန် အထူးအရေးတကြီး လိုအပ်နေသော အချိန်ဖြစ်ပါတယ်။ အခုအခါ မြန်မာပြည်

အကျဉ်းထောင်များထဲတွင် သံဃာ ၊ သီလရှင် အနည်းဆုံး (၂၄ှ)လောက် ထောင်ကျ ခံနေရပါတယ်။


အလားတူပင် နအဖစစ်အာဏာရှင်များက ဆက်လက်ဖမ်းဆီးမှုများလည်း ဆက်တိုက်

လုပ်ဆောင်နေပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားအနေဖြင့် မြန်မာသံဃာတော်များ သီလရှင်များ

အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်ရေးအတွကှ်ိုငှ်းန်းတောင်းဆို

လုပ်ဆောင်ပေးပါရန် အလေးအနက်ထား လျှောက်ထားလိုပါတယ်။ ဗမာပြည်လွတ်မြောက်ရေးဟာ

တိဘက်ပြည် လွတ်မြောက်ရေး အတွက်လည်း အလွန်အရေးပါ အရာရောက်ပါတယ်။ အကယ်၍

မြန်မာပြည် လွတ်မြောက်လျှင်လည်း တိဘက်ပြည် လွတ်မြောက်ရေးအတွက်

မြန်မာသံဃာတော်များက ရှေ့တန်းက ပှါင်မည်ဖြစ်ကြောင်း လျှောက်ထားလိုပါတယ်။ တိဘက်ပြည်

အမြန် လွတ်မြောက် ပါစေကြောင်းနှင့် ဘုန်းတော်ကြီးလည်း မိမိချစ်သော တိုင်းပြည်ကို

အမြန်ပြန်ကြွနိုင်ပါစေကြောင်း မြန်မာသံဃာတော်များက အထူး ဆန္ဒပြုလိုက်ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေ။

မေတ္တာအနန္တဖြင့်

မြန်မာသံဃာတော်များ

ကိုယ်စား

အရှင်သောပါက

အတွင်းရေးမှုးအဖွှဲ့င်

အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်

You might also like