You are on page 1of 3

လက်တွဲဝန်းရံ၊ အမျိုးသားလွတေ

် မြာက်ရေး တိက
ုပွဲခေါ်သံ

နိုင်ငံတကာရောက် ဒီမိုကရေစီ တိုက်ပွဲဝင် ညီနောင်များ၊ ပြည်တွင်းမှ တိုက်ပွဲဝင်ညီနောင် ရဲဘော်များနှင့်

တိုက်ပွဲဝင် မဟာမိတ် အဖွဲ့အစည်းများအား အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပူးပေါင်း

ပါဝင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

လက်ရှိအချိန်ကာလတွင် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး၌ ပြည်တွင်းပြည်ပ နိုင်ငံရေး

အင်အားစု အဖွဲ့ပေါင်း (၁၂၀) ကျော်မှ ပူးပေါင်းပါဝင်၍ လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အရှိန်မြှင့်တင်

ဆောင်ရွက်လျက် ရှိပါသည်။ ပြည်ပရှိအင်အားစုများအနေဖြင့် နိုင်ငံရေးဦးဆောင် အလုပ်မှုဆောင်အဖွဲ့

(working committee) ကို အောင်မြင်စွာ ဖွဲ့စည်းထားပြီး၊ ပြည်တွင်းရှိ အမျိုးသားလွတ်မြောက်ရေး

လှုပ်ရှားမှု အကောင်အထည်ဖေါ်ဆောင်ရေး ကော်မီတီအား တိုင်းရင်းသား ခေါင်းဆောင်များနှင့်

ပူးပေါင်း၍ ပြည်ထောင်စု အမျိုးသားကောင်စီ (မြန်မာနိုင်ငံ) အနေဖြင့် ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးအား

(၁) နအဖစစ်အုပ်စုမှ တိုင်းပြည်တ၀ှမ်းလုံးတွင် အဆက်မပြတ် ကျူးလွန်နေသော မတရားမှုများနှင့်

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင် ခုံရုံးတင်နေခြင်းတို့အား တတိုင်း

တပြည်လုံးမှ အရှိန်အဟုန်ဖြင့် ကန့်ကွက်ရေး

(၂) နအဖစစ်အုပ်စုမှ အကောင်အထည်ဖော်ဆောင်နေသော လမ်းပြမြေပုံအား အဆုံးသတ်၍

စစ်အုပ်ချုပ်ရေး ယန္တရားကြီး ပြိုလဲကျသွားစေရန် လုပ်ဆောင်ရေး နှင့်

(၃) ပြည်သူလူထု၊ တိုင်းရင်းသားလူမျိုးစုများနှင့် ပြန့်ကျဲနေသည့် နိုင်ငံရေးအင်အားစုများ အားလုံး


အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု လမ်းကြောင်းကြီးပေါ်တွင် တညီတညာတည်း စုစည်း

တိုက်ပွဲဝင်နိုင်ရေး

စသည့် ရည်ရွယ်ချက်များဖြင့် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ ကနဦး အကောင်အထည်

ဖော်ချိန်မှ စတင်၍ အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ် (၇) ချက်ကို ချမှတ် ဆောင်ရွက်

လျက်ရှိသည်။

ယင်း လုပ်ငန်းစဉ် (၇) ချက်မှာ

(၁) တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ရွာတိုင်းတွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန်

ဖယ်ရှားမည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် သမဂ္ဂများ ပေါ်ပေါက်လာရေး၊

(၂) တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် နိုင်ငံရေး၊တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် နအဖ

စစ်အာဏာရှင်စနစ်ကို မိမိတို့ဘာသာ ကိုယ့်အားကိုယ်ကိုး၍ တွန်းလှန်ဖယ်ရှားနိုင်ရမည်ဟူသော

ခိုင်မာသည့် ယုံကြည်ချက်အား တည်ဆောက်နိုင်စေရေး၊

(၃) ထွက်ပေါ်လာသည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းပါဝင်လိုသူများ အနေဖြင့် တူညီသည့် လုပ်ငန်းများ၊

လှုပ်ရှားမှု ကင်ပိန်းများကို အတူတကွ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် စုစည်းညီညွတ်ပြီး ခိုင်မာသည့်

စွမ်းအားများ တိုးပွားလာစေရေး နှင့် အောင်ပွဲရသည်ထိ အတူတကွ ချီတက်လုပ်ဆောင်ရေး၊

(၄) နအဖ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလွှဲမရှောင်သာ ပါဝင်နေကြရသည့်

အမျိုးကောင်းသား၊ အမျိုးကောင်းသမီး ပညာတတ်များ၊ စစ်တပ်တွင်းမှ တိုင်းချစ်ပြည်ချစ် အရာရှိအရာခံ

အကြပ်တပ်သားများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ စွမ်းအားရှင်များ၊ ကြံ့ခိုင်ဖွံ့ရေးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး

ဝန်ထမ်းများအားလုံး အမျိုသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး တွင် ပူးပေါင်းပါဝင်လာစေရေး၊

(၅) ကနဦးကာလတွင် မြို့ပြပျောက်ကျား သပိတ်တိုက်ပွဲများမှ တဆင့် နအဖ စစ်အုပ်စုတို့၏

နိုင်ငံရေးအာဏာကို အသက်ဆက်ပေးနေသည့် အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး လုံးဝ

ပြိုကျသွားသည်အထိ အဆုံးအဖြတ်ပေးမည့်တိုက်ပွဲ (သို့) အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု

အဆုံးသတ် တိုက်ပွဲကို နအဖ တို့ ပြုလုပ်လိုသည့် စစ်အာဏာအခြေပြု ရွေးကောက်ပွဲ မတိုင်မီ

အကောင်အထည်ဖော်ဆောင်ရေး

(၆) ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုဦးဆောင်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ထွက်လာရေးနှင့်


(၇) အသွင်ကူးပြောင်းကာလကို အောင်မြင်စွာ အသွင် ကူးပြောင်းနိုင်ရေး

စသည်တို့ဖြစ်ပြီး၊ လုပ်ငန်းစဉ် ၁၊ ၂၊ ၃၊ နှင့် ၄ တို့အား တပြိုင်တည်း အရှိန်မြှင့်၍ အကောင် အထည်

ဖေါ်ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ရာ ပြည်တွင်းပြည်ပ တိုက်ပွဲဝင် ညီနောင်ရဲဘော်များမှ သက်ဆိုင်ရာ အဖွဲ့အစည်းလိုက်ဖြစ်စေ

(သို့မဟုတ်) လှုပ်ရှားမှု ကင်ပိန်း စီမံချက် တခုချင်းစီတွင် case by case သဏ္ဍာန်ဖြင့် ဖြစ်စေ

ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အောင်ရမည်။

နိုင်ငံရေးဦးဆောင် အလုပ်မှုဆောင်အဖွဲ့

ပြည်တွင်းပြည်ပဂျီအေဘီအင်အားစု

ဖေဖော်ဝါရီလ (၂)ရက်နေ့၊ ၂၀၁၀ ခုနှစ်

Media Contact:

ဗိုလ်မှုးကြီး စိုင်းမျိုးဝင်းထွန်း (+၆၆) - ၈ - ၃၅၈၂ - ၃၄၉၀ (ထိုင်းနိုင်ငံ)


ကိုရင်ထွေး (+၆၆) - ၈ -၄၅၇၅ - ၅၄၁၆ (ထိုင်းနိုင်ငံ)
ကိုခိုင်မင်းမွန် (+၈၈၀) - ၁၇၁ - ၈၂၂ - ၄၃၈၂ (ဘင်္ဂလားဒေ့ခ်ျ)
ကိုကျော်မိုး (+၈၈၀) - ၁၇၁ - ၅၆၆ - ၁၁၇၆ (ဘင်္ဂလားဒေ့ခ်ျ)
ကိုကိုအောင် (+၈၁) - ၉၀ - ၁၅၀၆ - ၂၈၉၃ (ဂျပန်)
ကိုကျော်ကျော်စိုး (+၈၁) - ၉၀ - ၆၀၃၁ - ၄၃၉၄ (ဂျပန်)
ကိုမျိုးသိန်း (+၄၄) - ၇၈၇ - ၇၈၈- ၂၃၈၆ (ယူကေ)
မခင်မမမျိုး (+၄၄) - ၁၂၂ - ၄၅၂ – ၄၀၇၇ (ယူကေ)
ကိုထွန်းထွန်း (+၁) - ၅၀၃ - ၃၃၄ - ၉၉၉၇ ( အမေရိက)
ကိုစိုင်း (+၁) - ၅၁၀ - ၄၁၅ - ၂၂၈၉ (အမေရိက)
ကိုရွှေစင်ထွန်း (+၁) - ၃၀၁ - ၅၂၃ - ၉၂၉၂ (အမေရိက)

You might also like