You are on page 1of 7

ပေးဆက်သူတို့၏ ရွှေဝါရောင် နှလုံးသား

“ အော်စကာဆု ချီးမြှင့်ပွဲ ရွှေဝါရောင် သံ ဃာတော်တွေကို ဖိတ်ကြား ” ဟူ သော သတင်းခေါ


င်းစဉ်ဖြင့် ဖေဖော်ဝါ ရီလ ၂၄ ရက်နေ့က သတင်းခေါင်းစဉ်တစ်ခုကို တွေ့မြင်မိပြီး စိတ်ဝင်စားစွား ဖတ်ကြည့်မိသ
ည်။ ထူး ခြားတာကတော့ ဟောလိဝု ဒ်ရုပ်ရှင် အော်စကာဆု လျာထားစာရင်းထဲမှာ ၂၀၀၇ က မြန်မာနို င်ငံ တွင်း ပြည်
သူ တွေရဲ့ စား ၀တ်နေရေး အထွေထွေအခက်အ ခဲတွေအတွက် သံ ဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ
မေတ္တာ ပို့  ချီတတ် ဆန္ဒပြပွဲကို အခြေခံ ရိုက်ထားတဲ့ Burma VJ မှတ်တ မ်းတင်ရုပ်ရှင်ကားကို ထည့်သွင်းထား ခြင်း ဖြစ်သ
ည်။ တို က်တိုက်ဆို င်ဆိုင်ပါဘဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့သတင်းတစ်ခုမှာ နောက်ထပ် “ သံ ဃာတော် များ ဖမ်းဆီးရန်ရှိဟု
မယက ပြော ” ခေါင်းစဉ်နဲ့ သတင်းတစ်ခုကို ပါ တွဲလျက်တွေ့ရပါသည်။

ဒီသတင်းနှစ်ခုကို ဖတ်ရှုရင်း ကျွန်တော့်အတွက် စဉ်းစားစရာတွေ ဖြစ်လာပါတော့ သည်။ ကျွန်ေ


တ်ာသိ ရသလောက် ၂၀၀၇ ရွှေဝါရောင်သံ ဃာ့ လှုပ်ရှားမှုအတွင်းမှာ သံ ဃာတော်တွေ၊ သီလရှင်များပါမကျန် မြတ်ဗုဒ္ဓ
၏ သာသနာ့ ၀န်ရှင်ရ ဟန်းများမှာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ ကြပါသည်။ သူ တို့ ဟာ ငို ရှိုက်သံ ၊ သက်ပြင်းချသံ တွေကို နိ
စ္စဓူ ၀ ကြားသိမြင်တွေ့နေရတဲ့ အပြင်၊ သံ ဃာတော်တွေကို စစ်မိစ္ဆာလက်ဝေခံ တွေက တို င်မှာကြိုးတု တ် ရို
က်နှက်၊ ညှင်းဆဲပြီး နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် မြင့်မြတ်စွာ တည်တံ့ခို င်မြဲ အခြေတည်လာတဲ့ ဗု
ဒ္ဓ၏သံ ဃာ့ အဖွဲ့ အစည်းကို ပါ စော်ကားလို့ မခံ မရပ်နို င်ဖြစ်ပြီး အဓမ္မတရားတွေကို ဆန့်ကျင်ပြခဲ့ ကြပါ
သည်။

လောက၌ “ အဓမ္မ ” မလွှမ်းမိုးနို င်အောင်ကြိုးပမ်းခြင်းသည် မျိုးချစ်အာဇာနည်တို့၏ လု ပ်င န်းနှင့် သူ


တို့  ၏ တာဝန်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားကို ကျင့်ကြံ လို က်နာပွားများနေသော သံ ဃာတော် အရှင်မြတ်များသည် န
အဖစစ်မိစ္ဆာတို့ ၏ ဘာသာ၊ သာသနာ၊ လူ မျိုးအပေါ် စော်ကားမှုများလာသောအခါ သူ တော်ကောင်းတို့ ၏ ထုံး
နှလုံးမူ ပြီး ငြိမ်းချမ်းစွာမေတ္တာပို့ ၍ အဓမ္မတရားတွေ ပျံ့နှံ့ အောင် ကြိုးစားခဲ့ ခြင်းဖြစ်ပါသည်။

ဗု ဒ္ဓဒေသနာတော်များ၌ အသာစံ ခြင်း နှင့် အနာခံ ခြင်းနှစ်မျိုးတို့ တွင် အနာခံ ခြင်းက အသာစံ ခြင်း
ထက် တန်ဖိုးကြီးကြောင်း တွေ့ရသည်။ အနာခံ ခြင်းကား မြင့်မြတ်သူများသာ လု ပ်နို င်သော လု ပ်င န်းဖြစ်၏။
ထို ကဲ့ သို့  မြတ်ဗုဒ္ဓ၏ တရားဓမ္မကို အမှန်တကယ်သက်ဝင်ယုံ ကြည်သော ရဟန်းသံ ဃာတော်မြတ်များသည် ၂၀၀၇ စက်
တင်ဘာတော်လှန်ရေးတွင် ကာယအားဖြင့်တသွယ်၊ စိတ်ဓါတ်ပိုင်းဖြင့်တစ်ဖုံ ပါဝင်ပတ်သတ်ခဲ့ပြီး ဘာသာ၊ သာ သနာ၊ လူ မျိုး အ
ကျိုးအတွက် ပေးဆပ်ခဲ့ကြသည်။

ထို ထို သောများမြောင်လှသည့် သာသနာ့ အာဇာနည်အ ရှင်မြတ်များထဲမှ ၂၀၀၇ စက်တ င်ဘာသံ ဃာ့ လှုပ်ရှားမှုတွင် သန္ဓေ
တည်ပေါက်ဖွားလာခဲ့ သော “မြန်မာနို င်ငံ လုံးဆို င်ရာ သံ ဃာ့ ကို ယ်စားလှယ်အ ဖွဲ့ ” ( All Burma Monks Representative
Committee ) အကြောင်းကို အကျဉ်းတင်ပြချင်ပါသည်။

၂၀၀၇ စက်တ င်ဘာ ၅ ရက်နေ့တွင် ပခု က္ကူမြို့၌ သံ ဃာအပါး ၅၀၀ လောက်က မေတ္တာသု တ်များ ရွတ် ဆို ပြီး လှ
ည့်လည်ခဲ့သည်။ ရည်ရွယ်ချက်မှာ အခြေခံ စားသုံးကု န်စည်ဈေးနှုန်းလျော့ ချရေး နှင့် ပြည်သူတို့ ၏ လူ မှု ဘ၀ ပြဿ နာများ
ပြေလည်အောင်လုပ်ပေးရန် နအဖအာဏာပို င်တို့အား တောင်းဆို ခြင်းဖြစ်သည်။ဘု ရား၊ တရား၊ သံ ဃာဂု ဏ် ကျေးဇူး
ကို မသိနားမလည်သော နအဖလက်ပါးစေများက ဦးပညာစက္က နှင့် ဦးပညာနန္ဒဘွဲ့အမည်ရှိသော ကို ယ်တော်နှစ်ပါး
ကို ဓာတ်တိုင်ကြိုးတု တ်ပြီး ၀ို င်းဝန်းရိုက်နှက်ခဲ့ကြပါသည်။

အဲ့ ဒီမှာတင် ရွှေဝါရောင်သံ ဃာ့ လှုပ်ရှားမှုလို့  ကမ္ဘာ့ သမို င်း နှင့် မြန်မာ့ သမို င်း အပါအ၀င် ဘာသာရေးသ
မို င်းမှာပါ မော်ကွ န်းဝင်ကမ္မည်းထိုးထို က်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး စခဲ့ ပါသည်။ ဆရာတော်၊ သံ ဃာေ
တာ် များက နအဖစစ်အာဏာပို င်များအား ကျူးလွန်ခဲ့သည်များကို ပြန်လည် ၀န်ချတောင်းပန်စေခဲ့ ပါသည်။ ဒါပေမယ့် လူ သတ်လက်နက်
ကို သာ အားကိုးပြီး အာဏာမှိုင်းမိနေသော မကောင်းဆိုးဝါးများ ပူးကပ်နေသော နအဖစစ်အာ ဏာရှင်များဟာ ဒေ၀ဒတ်လ
မ်းစဉ်ကို ရွေးချယ်ခဲ့ကြပါသည်။
၂၀၀၇ စက်တ င်ဘာ ၁၇ မှာ ရွှေတိဂုံ စေတီတော် မြတ်ခြေရင်းမှာ ရဟန်းသံ ဃာ ၁၀၀၀ ကျော် နှင့်
ကျောင်းသား၊ လူ ထု အပေါင်းတို့  စု ဝေးချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြပါသည်။ တစ်ရက်ပြီးတစ်ရက် ဆန္ဒပြ
မှု အဟု န်ဟာ ကြီးမားလာခဲ့ ပါသည်။ မိမိအာဏာတန်ဖိုးကြီးကြောင်း ပြသလို တဲ့ စစ်အာဏာရှင်တွေဟာ မာရ်န တ် စစ်သ
ည်တွေ ဗု ဒ္ဓမြတ်စွာကို အံ တု ပြိုင်ခဲ့သလို သံ ဃာအဖွဲ့အစည်းကို စိန်ခေါ်ခဲ့ ကြပါသည်။

စက်တ င်ဘာလ ၁၉ ရက်နေ့မှာတော့ သံ ဃာ့ အင်အား ထောင်ပေါင်းများစွာနှင့် ကျောင်းသား၊ ပြည်သူ လူ ထု အပေါ


င်းတို့ ဟာ ရွှေတိဂုံ စေတီတော်မှသည် ဆူးလေစေတီတော်ကြီးထိတို င်အောင် ချီတက်ခဲ့ကြပါသည်။ ထို ေ
န့ ညနေ ၄ နာရီအချိန်မှာဘဲ ရဟန်း၊ သံ ဃာ၊ သီလရှင်၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့ ၏ အားပေး ထောက်ခံ မှုဖြ
င့် “ ဗမာနို င်ငံ လုံးဆို င်ရာသံ ဃာ့ ကို ယ်စားလှယ်အ ဖွဲ့ ” ( All Burma Monks Representative Committee ” ကို ဆူးလေေ
စတီတော်ရင်ပြင်ပေါ်မှာဘဲ အောင်မြင်စွာ ဖွဲ့စည်းနို င်ခဲ့သည်။

ထို အဖွဲ့သည် ဓမ္မအတွက် တို က်ပွဲဝင်ရသော စစ်မြေပြင်တွ င်ပွင့်ဖူးသော ပန်းမြတ်တော်ဝင်တစ်ခုပင် ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် -

၁။ အရှင်ကောဝိဒ ( ဥက္ကဌ )

၂။ အရှင်ထာဝရ ( အထွေထွေ အတွင်းရေးမှူး )

၃။ အရှင်နေမိန္ဒ ( သတင်းနှင့်ပြန်ကြားရေး )

၎။ အရှင်စန္ဒီယ ( စည်းရုံးရေး )

၅။ အရှင်သံ ၀ရ ( စည်းရုံးရေး )

၆။ ရှင် ဣန္ဒက ( ဘဏ္ဍာရေးမှူး )

၇။ အရှင်ဇာဂရ ( စည်းကမ်းထိန်းသိမ်းရေး )

၈။ ကေသရိန္ဒ ( ရုံးအကြီးအကဲ )

၉။ အရှင်သာသန ( ရုံးအဖွဲ့ )

၁၀။ အရှင်ရသ ( ရုံးအဖွဲ့ )

၁၁။ အရှင်ဥတ္တမ ( ရုံးအဖွဲ့ )

၁၂။ အရှင်ဓမ္မညာဏ ( ရုံးအဖွဲ့ )

၁၃။ အရှင်ဝိဇယ ( ရုံးအဖွဲ့ )

၁၄။ ရှင်လက္ခဏ ( ရုံးအဖွဲ့ )

၁၅။ ရှင်ထေရ၀ံ သ ( ရုံးအဖွဲ့ )

တို့ ဖြစ်ပါသည်။

အရှင်ထာဝရဦးဆောင်တဲ့အဖွဲ့ဝင် ၁၅ ပါးဦးဆောင်တဲ့ ဒီအဖွဲ့ကြီးကို သာသနာရေးဝန်ကြီး ဗို လ်ချုပ်သူရ မြ


င့်မောင် က သံ ဃာတု ၊ သံ ဃာယောင်များဖြစ်ကြောင်း မဟာသံ ဃာ့ နာယကအဖွဲ့ကို စေလျှောက်တ င်ခဲ့သည် လို့  သိ
ရပါသည်။ ဒါ့အပြင် ဒီတရားမ၀င်အဖွဲ့ကြီးဟာ ထို င်းနယ်စပ်မှာ ဖွဲ့ခဲ့ တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆ
က်သွယ်လု ပ်ကိုင်နေပါသည်ဟု လိမ်လည်တ င်ပြခဲ့ ပါသည်။

ဒီအဖွဲ့ကြီး ရည်ရွယ်ချက်ကေ တာ့ ဗု ဒ္ဓသာသနာအဓွန့်ရှည်ရေး၊ တို င်းပြည်တွ င်း ပြည်သူတို့ ခံ စားနေရ
သော စားဝတ်နေရေး အဆင်ပြေရေး၊ ငြိမ်းချမ်းသော တို င်းပြည်ဖြစ်ရေး ….. စတဲ့ လူ သားတို့  ဘ၀ သာယာချမ်း
မြေ့ ရေးအတွက် ရည်ရွယ်ပါသည်။

အဖွဲ့တစ်ခုအဖြစ် ခို င်ခိုင်မာမာရပ်တည်နို င်ပြီဖြစ်လို့ ဒီသံ ဃာ့ ကို ယ်စားလှယ်များအဖွဲ့ကြီးဟာ မြန်မာနို င်ငံ လုံးဆို င်
ရာသံ ဃာ့ တပ်ပေါင်းစု ကဲ့ သို့ သော သံ ဃာ့ အဖွဲ့များနှင့်အတူ ဆင်းရဲအတိဒု က္ခရောက်နေကြသော သန်း ၅၀ေ
ကျာ် မြန်မာပြည်သူတို့ အတွက် သေနတ်ကိုင်ပြီး ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်များကို အံ တု နို င်ခဲ့ သည်။

၂၀၀၇ စက်တ င်ဘာ ၂၂ မှာဆို ရင်ဖြင့် သံ ဃာ့ ကို ယ်စားလှယ်များအဖွဲ့ဝင် သံ ဃာတော်များဟာ အခြား သံ ဃာတော်
များနှင့်အတူ အကျယ်ချုပ်ခံ နေရသော ဒီမို ကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည် နေအိမ်ရှိ ရာသို့  ရဲရဲဝံ့ ၀ံ့
သွားရောက်ပြီး မေတ္တာပို့ ဆု မွန်ကောင်းများကို ၁၅ မိနစ်ခန့်ပေးခဲ့ သည်။ လူ ထု ခေါင်းဆောင်ဒေါ် အောင်ဆန်း
စု ကြည်ကိုယ်တိုင် ခြံ ၀ထွက်ပြီး သံ ဃာတော်များကို ဂါရ၀ပြုခဲ့ သည်။

မြန်မာနို င်ငံ လုံးဆို င်ရာသံ ဃာ့ ကို ယ်စားလှယ်များအဖွဲ့ဝင် သံ ဃာတော်တို့၏ ဓမ္မအတွက် ရဲရဲဝံ့ ၀ံ့ တို က်ပွဲဝင် ခဲ့
ပုံ ၊ လူ ထု တွေ ကြုံတွေ့နေရသည့်ဒု က္ခကို စာနာနားလည်ပုံ နှင့် ကယ်တ င်လိုစိတ်ကို စက်တ င်ဘာ ၂၃ ရက်နေ့ တွင် အ
ထင်အရှားတွေ့မြင်နို င်သည်။ ဘု ရား၊ တရား၊ သံ ဃာတို့ ၏ ဂု ဏ်ကျေးဇူးထက် သေနတ်ကိုင် အာဏာရှင် စစ်မိစ္ဆာတို့ ၏ အ
မိန့်ကို သာ နာခံ တတ်သော လက်ပါးစေတို့ ၏ သေနတ်ပြောင်းဝအောက်တွ င် ပြည်သူသန်းပေါင်း များစွာ၏ အသ
က်အိုးအိမ်အတွက် အမှန်တရားကို ရဲရဲဝံ့ ၀ံ့ ဖော်ထုတ်ရဲသော ရဟန်းအာဇာနည်၊ လူ အာဇာနည် တို့ ၏ စိတ်ဓါတ်ကား အံ့ သြဖွ
ယ်ပင်ဖြစ်ပါသည်။

ထို စက်တ င်ဘာ ၂၃ ရွှေတိဂုံ စေတီတော်အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘု ရားကြီးနေရာတွင်


နေ့လည် နှစ်နာရီခွဲလောက်မှစပြီး လူ ထု ဟောပြောပွဲကြီး ကျင်းပနို င်ခဲ့သည်။ ကဗျာဆရာကို အောင်ဝေး၊
ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို တို့ လည်း တတ်ရောက်ဟောပြောခဲ့ ပါသည်။

တတိယမြောက်ဟောပြောသူ ကတော့ သံ ဃာ့ ကို ယ်စားလှယ်များအဖွဲ့မှ အရှင်နေမိန္ဒ (စာရေးသူ ။ မှတ်ချက်


ယခု ထို င်း၊ မြန် မာနယ်စပ်တွ င် ဆင်းရဲကျပ်တည်းစွာ သတင်းသုံးနေရသူ ၊) ဖြစ်သည်။

အရှင်နေမိန္ဒက ရသန်းရှင်လူကျောင်းသားအပေါင်းတို့ အား မိန့်ခွန်းဟောရာတွင် ကျောင်းသားများ၊


“ ပြ
ည်သူများအားလုံး ညီညီညွတ်ညွ တ်ရှိကြပါ။ သဟဇာတရှိရှိနေထို င်ကြပါ။ တစ်သဘောတည်းထားကြပါ။ ကျောင်းသား
နှင့် ပြည်သူလူ ထု ကြီးအပေါင်းတို့ ဒီလှုပ်ရှားမှုကြီးမှာ တစ်ဦး နဲ့ တစ်ဦး သွေးမကွဲဘဲ ညီညွတ်စွာ သံ ဃာေ
တ်ာများနှင့်ပူးပေါင်းကြရန် ” မေတ္တာရပ်ခံ ဟောကြားခဲ့ ပါသည်။

မြတ်ဗုဒ္ဓ၏ သွ န်သင်မိ န့်ကြားချက်များအတို င်း ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ သုံ ရပ်ကိုသာ ကျင့်ကြံ ပွား
များလေ့ လာနေကြသော ရဟန်းသံ ဃာတော်များမှာ ဗု ဒ္ဓ၏ ပဌာန်းဒေသနာတော်လာ “ ဥပနိဿပစ္စည်း ” အရ အား
ကြီးသော ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောအတို င်း မြန်မာနို င်ငံ တော် ကြီးကို ကျေးဇူးဆ
ပ်ရန် သေနတ်ပြောင်းဝအောက် ရဲရဲဝံ့ ၀ံ့ ရပ်နို င်ခဲ့လေပြီ။ ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင်
ကျေးဇူးဆပ်ရန်မှာ လူ ပီသသောလူ သားတို င်း၏ တာဝန်ပင်မဟု တ်ပါလော။ တို င်းရင်းသားအချင်းချင်း၊ တို င်းသူ ပြည်သားအချင်းချ
င်း၊ လူ သားတို င်းအချင်းချင်း ကို သူ တော်ကောင်းတို့  ထုံး နှလုံးမူ ပြီး “ သမ္မ၀ါယ သမ္မန္ဓ ” နည်းအရ စ
ည်းရုံးစေသည်မှာ မြင့်မြတ်သူတို့ ၏ အကျင့်မြတ်တ စ်ခုပင် ဖြစ်ပါသည်။

မြင့်မြတ်သူဖြစ်လိုလျှင် အများအတွက် တကယ်လိုအပ်တဲ့အခါမှာ အနစ်နာခံ လို စိတ်ရှိရမည်ဖြစ်သည်။ မြင့်မြတ်သူဖြစ်လို


လျှင် မြင့်မြတ်သောနှလုံးသားရှိရုံ မက လက်တွေ့အားဖြင့်လည်း တာဝန်ယူလု ပ်ကိုင်ရဲရမည် ဖြစ်သည်။ စက်တ င်ဘာသံ
ဃာ့ လှုပ်ရှားမှုတွင် ထို ကဲ့ သို့ စိတ်ထားမြင့်မြတ်ပြီး အများအတွက် အနစ်နာခံ ရဲသူ များ ကို တွေ့နို င်ပါသည်။

အရှင်နေမိန္ဒနောက် သံ ဃာ့ ကို ယ်စားလှယ်အ ဖွဲ့ အထွေထွေအတွင်းရေးမှူး အရှင်ထာဝရ ( ယ္ခု အိန္ဒိယ နို င်ငံ
တွင် သီတင်းသုံးနေ ) က ဟောပြောခဲ့ သည်။ အရှင်ထာဝရက “ ကို ယ်တော်တို့ဟာ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းများဖြ
စ်သည့်အားလျှော်စွာ သွေးထွက်သံ ယို ဖြစ်မည့် ပြဿ နာမျိုးကို လုံးဝအလို မရှိပါ။ ငြိမ်းချမ်းစွာ စေ့ စပ်ေ
ဆွးနွေးပြီး အဖြေရှာလို ပါသည်။ ယခု အခါမှာ မိမိပြည်သူတွေ ဘာကို အရေးတကြီးတောင်းဆို နေတယ်ဆို တာ
ကို နအဖအာဏာရှင်အနေနဲ့ ကောင်းကောင်းနားလည်သေ ဘာက်ပေါက်မယ်လို့ ယုံ ကြည်ပါတယ်။ ဗမာနို င် ငံ မှာ မြေေ
ပ်ါမြေအောက် သဘာဝသယံ ဇာတပေါကြွယ်ဝပါတယ်။ တကယ်ဆို ခေတ်မီနို င်ငံ တစ်ခုဖြစ်ရမှာပါ။ ဒါ ပေမယ့် နအဖ
အာဏာပို င်တွေက သူ တို့ အကျိုးစီးပွားအတွက်ဘဲ လု ပ်နေကြလို့  ကမ္ဘာ့ အဆင်းရဲဆုံးနို င်ငံ ဖြစ်နေပါ ပြီ။ လက်တ စ်ဆု
ပ်စာခန့်သာရှိသော စစ်အာဏာပို င်များ နှင့် အပေါင်းပါလူ တစ်စုက တို င်းပြည်သ ယံ ဇာတတွေကို မတရားလက်ဝါးကြီးအု ပ်
ခွဲယူ သုံးစွဲနေလို့  ပြည်သူတွေမှာ အလွ န်ဘဲ ဆင်းရဲနေရပါတယ်။ သူ တို့ လက်တ စ်ဆုပ်စာ ကောင်းစားဖို့  သန်း ၅၀ေ
ကျာ်တို့၏ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးခံ နေရပါတယ်။ ဒါဟာ လုံးဝ မတ ရားပါဘူး။

နအဖရဲ့အတွေးအခေါ်နဲ့ ဆင်ခြင်တုံ တရားဟာ အလွန်သေးသိမ်ပြီး မင်းကောင်းတို့ ရဲ့ စရိုက်လက္ခဏာ


နဲ့ လုံးဝမကို က်ညီပါဘူး။ တကယ်တော့ မြန်မာပြည်သူလူ ထု အများစု ဟာ ဆင်းဆင်းရဲရဲ နေထို င်နေရပေမယ့် အေ
တွးအခေါ်နဲ့ ဆင်ခြင်တုံ တရားမှာ ကမ္ဘာ့ အဆင့်မီပါတယ်။ ဒါပေမယ့် ညံ့ ဖျင်းလှတဲ့ အု ပ်ချုပ်ရေး ယန္တရားကြောင့်
သာ ဒီလို ကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရပြီး ကမ္ဘာပေါ်မှာ မျက်နှာငယ်နေရတာပါ။ စစ်အုပ်စုအနေနဲ့လ
ည်း ဗမာ ပြည်တွ င်းပြဿ နာတွေကို နားလည်သေ ဘာပေါက်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိ တာ
ဘဲ ဖြစ်ပါလိမ့်မယ်။

သူ တို့ တွေဟာ အဲ့ ဒီလို ပြဿ နာတွေကို လှည့်ဖြားဖို့  လမ်းပြမြေပုံ ( ၇ )ရပ်ကို ထု တ်ခဲ့တာပါ။ အဲ့ ဒီမြေ
ပုံ မှာ ပြည်သူတွေကို အကျိုးယု တ်စေမှာဘဲ ဖြစ်ပါတယ်။
မင်းကျင့်တရား ( ၁၀ ) ပါးကို လို က်နာတဲ့ မင်းကောင်းမင်းမြတ်ကြောင့်သာ တို င်းပြည်ငြိမ်းချမ်းသာယာ ပြီး
စည်ပင်ဝပြောနို င်မှာ ဖြစ်ပါတယ်။ အာဏာရှင်ဆ န်ဆ န်အုပ်ချုပ်ပြီး မင်းကျင့်တရား ( ၁၀ ) ပါးမညီညွတ်တဲ့ မင်းဟာ ပြည်သူပြည်
သားတွေရဲ့ ရိုသေလေးစားမှုကို မရနို င်ပါဘူး။ ထို့ ပြင် အဲ့ ဒီတို င်းပြည်ဟာ မတည်မငြိမ်ဖြစ် ပြီး ကပ်အမျိုးမျိုးဆို
က်ရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်တော်အနေနဲ့ စစ်အာဏာရှင်တွေကို တို က်တွ န်းချင်တာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ဒီမို ကရေစီ


နည်းကျပြီး တရားမျှတတဲ့ အစိုးရဖြစ်အောင် လု ပ်ကြပါ။ ပြဿ နာကို ဖြေရှင်းတဲ့ အခါမှာ သဘောထား ကြီးစွား
ထားပြီး ဖြေရှင်းကြပါ။ ကြမ်းတမ်းတဲ့ ဖြိုခွဲရေးနည်းလမ်းကို မသုံးကြပါနဲ့။ နို င်ငံ ရေးနည်းကို နို င်
ငံ ရေးနည်း ဖြင့်သာ ဖြေရှင်းကြပါ။ တို င်းရင်းသားအု ပ်စုတွေပါဝင်တဲ့ သုံးပွင့်ဆို င်ဆွေးနွေးပွဲ ဖြစ်ေ
အာင် လု ပ်ကြပါ။

နိဂုံးချုပ်ပြောရရင် စစ်အစိုးရအနေနဲ့ ပြဿ နာတွေကို မဖြေရှင်းဘူးဆို ရင် ကိုယ်တော်တို့ သံ ဃာတော်များ
ဟာ ပြည်သူနဲ့ပူးပေါင်းပြီး မကြောက်မရွံ့  ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ ”

တစ်ကမ္ဘာလုံးက အရက်စက်ဆုံးလို့  သတ်မှတ်ထားခံ ရတဲ့ ဗမာစစ်အာဏာရှင်တို့ကို ယခု လို ရဲရဲဝံ့ ၀ံ့ ၊ ပြတ်ပြတ်သား
သား တောင်းဆို ရဲသော သံ ဃာတော်များ၏ သတ္တိမှာ အံ့ သြချီးကျူးဖွယ်ဖြစ်သည်။ ယမ်းငွေ့ဝေနေ တဲ့ သေန
တ်ပြောင်းဝတည့်တည့်မှာ မိမိတို့ ရဲ့ အသက်ခန္ဓာကို ပေးဆပ်ပြီး အများအတွက် အနစ်နာခံ ရဲတဲ့ အာ ဇာနည်တွေရဲ့
စိတ်ဓါတ်နဲ့ လု ပ်ရပ်တွေကို တွေ့နို င်ပါသည်။

သူ ရဲကောင်းအစစ်အမှန်များကို စစ်မြေပြင်မှာသာ တွေ့နို င်သလို စိတ်ဓါတ်မြင့်မြတ်ပြီး အများအကျိုး တကယ်ေ


ဆာင်ရွက်နေသူ များကို လည်း လူ ထု ကြားမှာသာ တွေ့နို င်ပါလိမ့်မယ်။ သူ တို့ သာလျှင် လူ ထု ရဲ့ မျက် ရည်ကို
တွေ့နို င်မယ်။ လူ ထု ရဲ့သက်ပြင်းချသံ ကို ကြားနို င်မှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဆရာကြီး ဦးေ
ရွှအောင် ရေးသားပြုစု ခဲ့ တဲ့ ဗု ဒ္ဓ ( သို့  ) လောကသားတို့ ၏ အနှိုင်းမဲ့ ကျေးဇူးရှင် ( စာ - ၂၁ ) မှာ -

နို င်ငံ ဖြစ်စေ၊ လူ မျိုးဖြစ်စေ၊ နို င်ငံ အတွက်၊ လူ မျိုးအတွက် အနစ်နာခံ နို င်သူများ၊ ဘ၀ကို စတေးနို င်သူများေ
ပါများသည်နှင့်အမျှ ထို နို င်ငံ ၊ ထို လူ မျိုးသည် ကမ္ဘာ၌ ထိပ်တန်းနို င်ငံ ၊ ထိပ်တန်းလူ မျိုး ဖြစ်မည်မှာ သေချာ၏။ ဤနေရာ၌
ထိပ်တန်းဆို သည်မှာ ရုပ်ပိုင်းဆို င်ရာ ပြည့်စုံ မှု၌ ထိပ်တန်းကို ဆို လို သည်မဟု တ်။ အတတ်ပညာပို င်း ဆို င်ရာ ပြည့်စုံ မှု၌လည်း ထိပ်တ
န်းကို ဆို လို သည်မဟု တ်၊ ကို ယ်ကျင့်သိက္ခာပို င်းဆို င်ရာ ပြည့်စုံ မှု၌သာ ထိပ်တန်း ကို ဆို လို ခြင်းဖြစ်၏။ အမှန်အားဖြင့် ရင့်ကျ
က်သောအမြင်ဖြင့် ကြည့်ပါက ရုပ်ပိုင်းဆို င်ရာ ပြည့်စုံ မှုများသည်လ ည်း မြတ်နိုးဖွယ်မဟု တ်။ အတတ်ပညာပို င်းဆို င်ရာ ပြ
ည့်စုံ မှုများသည်လ ည်း မြတ်နိုးဖွယ်မဟု တ်။ တကယ်တ မ်း မြတ် နိုးဖွယ်ကား “ ကို ယ်ကျင့်သိက္ခာ နှင့် ပြည့်စုံ မှု ” သာ
ဖြစ်၏။ ဤနေရာတွင် အောက်ပါ ဓမ္မပဒဂါထာ၏ အဆို အ မိန့်သည် များစွာ မှတ်သားဖွယ် ကောင်း၏။ မှတ်သားဖွ
ယ်ကောင်းသည့် အလျောက်လ ည်း လို က်နာကျင့်ကြံ နို င် အောင် ကြိုးပမ်းဖို့  ကောင်း၏။

ဂါမေ ၀ါယဒိ ယဒိ ၀ါ’ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။

ယတၱ အရဟေႏၱာ ၀ိဟရႏၲိ၊ တံ ဘူ မိ ရာမေဏယ်ကံ ။

( ဓမၼပဒဂါထာ - ၉၈ )

“ ဒေသတစ်ခုသည် “ ရွာ ” ဖြစ်ချင်ဖြစ်မည်။ “ တော ” ဖြစ်ချင်ဖြစ်မည်။ “ ချိုင့်ဝှမ်း ” ဖြစ်ချင်ဖြစ်မည်။ “ ကြ


ည်ကုန်း ” ဖြစ်ချင်ဖြစ်မည်။ သို့ ရာတွင် မည်သို့ပင်ဖြစ်စေ သူ တော်စင်များ နေထို င်ရာ ဖြစ်ရိုးမှန်ပါက ထို နေ ရာ၊ ထို ဒေသ
သည် ကမ္ဘာ့ မြေအပြင်တွ င် မွေ့လျှော်ဖွယ် အကောင်းဆုံး ဖြစ်၏။ဟု ဆိုထားပါသည်။ ဆင်ခြင် သတိမှုရာပ
င်ဖြစ်သည်။ ”
ယခု အချိန်မှာ ဆိုရင် စစ်အာဏာရှင်များဟာ သူ တို့ အာဏာတည်းမြဲရေးအတွက် ပြည်သူတွေ မျက်ရည်တ စ်ဖြို
င်ဖြိုင်ကျနေတဲ့ ကာလမှပင် ဆန္ဒခံ ယူ ပွဲကို အတင်အားဓမ္မလု ပ်ခဲ့ပါတယ် လူ ထု ခေါင်းဆောင် ဒေါ်အောင်ဆန်း
စု ကြည် အပါဝင် တိုင်းရင်းသားခေါင်းဆောင်၊ ကျောင်းသားခေါင်းများနှင့် အမှန်းတရားအတွက်
တိုက်ပွဲ့ဝင်နေကြသူ ထောင်ပေါင်းများစွာကို ဖမ်းဆီနှိပ်စက် အပြစ်ပေးထားပါတယ်။ ကမ္ဘာနှင့် မြန်
မာပြည်သူများကို နည်းလမ်းပေါင်းစုံးဖြင့် သတ်ဖြတ် ညှင်ဆဲပြီး ဘာသာ သာသနာကို စော်ကားနေသော
ဒီ နအဖ စစ်အာဏာရှင်များကို သူ တော်ကောင်းတို့၏ စိတ်နှလုံးသားရှိသူ တိုင် နစ်နာခံ တွန်းလှန်းဖယ်
ရှားဖြစ်ရပါမယ်။ ထို့မှာသာ ဘာသာ သာသနာနှင့် လူ မျိုးဂု ဏ်တ င့်တယ်မှာပါသော်သည်။

ရေးသားသူ ။ Dhammawira (HDAK) ပြည်ပရောက် မြန်မာနိုင်ငံ လုံးဆိုင်ရာသံ ဃာကိုယ်စားလှယ်အ ဖွဲ့ ၂
နှစ်မြောက် အထိမ်းအမှတ် ဂု ဏ်ပြုရေးဖွဲ့ပါသည်။

You might also like