You are on page 1of 21

ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

အင်ဂျင်နီယာလောင်းများအတွက် facebook ပေါ်တွင် ရေးသားခဲ့ပြီးသော post များကို အလွယ်တကူ


ဖတ်ရှုနိုင်ရန်နှင့် ဖတ်လည်ဖတ်ရှုရန် အတွက် သိမ်းဆည်းထားနိုင်ရန် စုစည်းဖော်ပြ အပ်ပါသည်။

Updateိon 16th Oct 2016

အင်ဂျင်နီယာလောင်းများအတွက် M&E နှင့် သက်ဆိုင်သည့် စာစုများ

ဤစာအုပ်သည် အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူများအတွက် ရည်ရွယ်ပါသည်။

အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့်သူတစ်ဦး၏ ဝင်ငွေသည် ဘာသာရပ် တစ်ခုကို ကျွမ်းကျင် စွာ


တတ်မြောက်မှု အပေါ်တွင် မှုတည်သည်။ ကျွမ်းကျင်မှု အဆင့်မြင့်လေ ဝင်ငွေများလေ ဖြစ်သည်။ ကျွမ်းကျင်စွာ
တတ်မြောက်ရန်အတွက် အထောက်အကူပြုပစ္စည်းများနှင့် လေ့ကျင့်ချိန်သည် အဓိကကြသည့် အရာနှစ်ခုဖြစ်သည်။
လေ့ကျင့်ချိန်များလေ ရလဒ်ကောင်းလေဖြစ်သည်။

Florida State University မှ Dr. K. Anders Ericsson သုတေသနတွေ့ရှိချက်အရ ထိပ်တန်းအဆင့်


ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရန်အတွက် အထောက်အကူပြုပစ္စည်းများ သာမက ထက်ထက်သန်သန် လေ့ကျင့်ချိန်
နာရီပေါင်း တစ်သောင်းကျော် လိုအပ်ကြောင်း ဖော်ပြထားသည်။

သင်ယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားတစ်ခုမှာ မည်သည့်ပညာရပ်ကိုမဆို သင်ခါစ၌ အရမ်း ခက်ခဲသည်ဟု


ထင်မှတ်ကြပြီး အဟန့်အတားတစ်ခုကို ဖြတ်ကျော်ပြီးနောက် သင်ကြားခြင်း၊ လေ့ကျင့်ခြင်း တို့သည် နှစ်သက်စရာ
ကောင်းသည့်အရာများ ဖြစ်လာတတ်ကြသည်။ အင်္ဂလိပ်လို “frustration barrier” ဟုခေါ်သည်။ လူတိုင်းလိုလို
ထိုအတားအဆီးကို မကျော်လွှားနိုင်ခင်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်များ နှင့်
ဖြတ်သန်းကြရလေ့ရှိသည်။ ထိုအတားအဆီးများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ရန်အတွက် ဤစာအုပ်သည် အထောက်
အကူကောင်း တစ်ခုဖြစ်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

စာရေးသူကိုယ်တိုင် ကျင့်သုံးခဲ့သည့် လေ့လာနည်းအချို့ကို စာဖတ်သူများအတွက် စကားလက်ဆောင် ပါးချင် ပါသည်။


(၁) သင်ယူမည့်ဘာသာရပ်အတွက် သီးသန့်မှတ်စုစာအုပ် တစ်အုပ်ထားပါ။ မှတ်သားစရာ ကောင်းသည့် အရာများ၊
မှတ်မိသင့်သည့်အရာများ၊ မကြာခဏ အသုံးပြုရန်လိုသည်အချက်အလက်များကို ရေးမှတ်ထားပါ။

1-1
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

နားမလည်သည့်အချက်များကိုလည်း ရေးမှတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် မေးမြန်းနိုင်သည့်သူကို


ကြုံဆုံသည့်အချိန်၌ အမှတ်ရနေစေရန် သို့မဟုတ် အလွယ်တကူ အဆင်သင့် ဖြစ်နေစေရန်အတွက် ဖြစ်သည်။
မကြာခဏ ထုတ်ဖတ်ရန်လည်း တိုက်တွန်းလိုသည်။

(၂) နည်းပညာဝေါဟာရများ (technical terms)၏ ဖွင့်ဆိုချက်များကို အဓိပ္ပာယ်နှင့်တကွ နားလည်


သဘောပေါက်အောင် မဖြစ်မနေ ကြိုးစားသင့်သည်။ အဓိပ္ပာယ်တစ်မျိုးအတွက် နည်းပညာဝေါဟာရ အမျိုးမျိုး
ပြောင်းလဲ သုံးနှုန်းပုံကို သတိပြုသင့်သည်။

(၃) ACMV ဘာသာရပ်အတွက်ကို လေ့လာရန်အတွကှ်SI ယူနစ် နှင့် IP ယူနစ် နှစ်မျိုးလုံးကို ကျွမ်းကျင်ရန်
လိုအပ်သည်။ ယူနစ်တစ်မျိုးမှ တခြားယူနစ်တစ်မျိုးသို့ လျှင်မြန်စွာ ပြောင်းလဲတတ်အောင် လေ့ကျင့်ပါ။

(၄) တစ်ခါတစ်ရံ လက်တွေ့အခြေအနေများတွင် သင်ယူထားသည့် သီအိုရီနှင့် သဘောတရားများအားလုံးသည်


ကိုက်ညီလေ့မရှိသည်ကို ကြုံတွေ့ရလိမ့်မည်။ ထိုသို့ မကိုက်ညီရသည့် အကြောင်းများစွာ ရှိသည်။ အဓိက
အကြောင်းသည် သီအိုရီ သို့မဟုတ် တွက်ချက်မှုများတွင် ရှိနေသည့် ယူဆချက်များ(assmptions) နှင့်
လျစ်လျုရှုမှုများ(neglect)ကြောင့် ဖြစ်သည်။ လုပ်ငန်းခွင် အတွေ့အကြုံများလေ သီအိုရီနှင့် လက်တွေ့
ကွာဟချက်များကို နည်းလည်နိုင်စွမ်း ပိုများလေဖြစ်သည်။

(၅) Engineering system များအားလုံးတွင် အကြောင်းမဲ့ တပ်ဆင်ထားသည့် အရာဟူ၍ တစ်ခုမျှ မရှိပေ။


တပ်ဆင်ထားသည့် အရာအားလုံးနှင့် နေရာများသည် လိုအပ်ချက်ကို လိုက်၍ စနစ်တကျ ဒီဇိုင်းလုပ်ထားသည့်
ရွေးချယ်မှုများသာ ဖြစ်သည်။

ဥပမာ- chilled water control valve ကို AHU coil ၏ return ဘက်တွင် တပ်ဆင်ထားခြင်း၊ chilled water supply
ပိုက်ကို AHU coil ၏ အောက်ဘက်ပိုက်နှင့် ဆက်ထားခြင်း စသည့် အချက်များ၏နောက်တွင် အဓိက အကြောင်းများ
ရှိကြောင်း သိထားပြီး နားလည်နိုင်အောင် လေ့လာအားထုတ်သင့်သည်။

(၆) အလွယ်တကူ နှင့် ထိရောက်စွာ သင်ယူတတ်မြောက်နိုင်သည့် နည်းကောင်းများကို ရှာဖွေလေ့လာပါ။ စိတ်ထဲတွင်


ပေါ်လာသမျှ မေးခွန်းများကို အတတ်နိုင်ဆုံး ဖြေကြားပေးနိုင်မည့်သူကို ဆည်းကပ်ခြင်းသည် အလွယ်ကူဆုံး
သင်ကြားနည်း ဖြစ်သည်။ သိလိုသည့် မေးခွန်းများကို ရိုးသားစွာ မေးဖြစ်အောင် ကြိုးစား သင့်သည်။

(၇) အခြေခံမှ စ၍ အဆင့်ဆင့် နားလည်နိုင်အောင် ကြိုးစားပါ။ Basic system များကို နားလည်အောင် ကြိုးစားပြီးမှ
modify လုပ်ထားသည့် system များ နှင့် အဆင့်မြင့်သည့် system များကို ဆက်လက် လေ့လာပါ။

(၈) စိတ်ဝင်စားမှုတူသည့် အသိမိတ်ဆွေများအောင် မိတ်ဖွဲ့ပါ။ ပညာလိုလားသူ မိတ်ဆွေများနှင့် ဆွေးနွေးခြင်း၊


အတွေ့အကြုံဖလှယ်ခြင်းသည် စာသင်ခန်းတွင် ဆရာထံမှ သင်ယူခြင်း၊ မိမိဘာသာ စာအုပ်ဖတ်ယူခြင်းထက် ပို၍
အကျိုးများသည်။ မိမိနားလည်ထားသည့် အကြောင်းအရာ တစ်ခုကို အစီအစဉ်တကျ ပြန်ရှင်းပြခြင်းသည်
မိမိနားလည်ထားသည့် အပိုင်းကို ပို၍ ရှင်းလင်းစွာ၊ စြွဲ မဲစွာ မှတ်မိစေနိုင်သည်။

(၉) ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲ (seminar)များ၊ လုပ်ငန်းခွင် ဆွေးနွေးပွဲ (workshop) များကို


တက်ရောက် လေ့လာပါ။ အင်တာနက်လိုင်းကောင်းလျှင် သင်ယူလိုသမျှ အားလုံးနီးပါကို You Tube
(www.youtube.com)တွင် လေ့လာနိုင်သည်။

1-2
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

(၁၀) အသက်ငယ်စဉ် အလုပ်ရွေးသည့်အခါ ဝင်ငွေများသည့် အလုပ်ထက် အတွေ့အကြုံကောင်းများ စုဆောင်း


နိုင်သည့် အလုပ်ကို ဦးစားပေး ရွေးချယ်ပါ။

အလုပ် အင်တာဗျူး ကံကောင်းချက်

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ အလုပ်လုပ်ဘို့ စင်ကာပူရောက်ပြီး ၁၉၉၉ခုနှစ် ဇန်နဝါရီလမှာ National University of


Singapore(NUS) မှာ ကျောင်း ဆက်တက်ပါတယ်။ ကျောင်းတက်ရင်းနဲ့ အိမ်ထောင်ကျပါတယ်။ ရန်ကုန်မှာ
မင်္ဂလာဆောင်ပြီးတော့ ကျောင်း(NUS) ပြန်လာတက်ပါတယ်။ အဲ့ဒီမှာ ပြဿနာ စတက်ပါတယ်။ အလုပ်မလုပ်ဘဲ full
time တက်တာရယ်၊ နောက် မင်္ဂလာဆောင် ထားတာရယ်ကြောင့် လက်ထဲမှ ပိုက်ဆံ လုံးဝနီးပါး မကျန်တော့ပါ။
အဲဒါကြောင့် second semester ပြန်တက် ပြီးနောက် (၂)ပတ်လောက်အကြာမှာ အလုပ်ပြန်လုပ်ဘို့
အလုပ်ရှာရပါတော့တယ်။

အလုပ်လျှောက်ဘို့ C.V တွေဘာတွေ သေသေချာချာ မပြင်ရသေးခင် ကံစမ်းတဲ့အနေနဲ့ အတန်းအတူတက်နေတဲ့ RIT


က အတန်းကြီးတဲ့ အကိုကြီး(senior)တွေကို အပူကပ်မယ် ဆိုတဲ့နည်းကို ရွေးလိုက်ပါတယ်။ နောက်
ပြို ပီးထိရောက်မယ်ထင်လို့ NUS တက်ပြီး လက်ရှိ အလုပ်လုပ်နေတဲ့ အကိုတွေ(senior)ကို သူတို့ကုမ္မဏီမှာ
အလုပ်ခေါ်ရင် အသိပေးဘို့ ၊ ဒါမှမဟုတ် သူတို့လုပ်နေတဲ့ ဆိုဒ်ထဲက Main Con တွေ ၊ Sub Con တွေမှာ
နေရာလွတ်(vacancy) ရှိရင် ပြောဘို့ အတန်း အနားပေးချိန်(break)မှာ လိုက်ပြီးတော့ အသနားခံ
အကူအညီတောင်းဘို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အဲဒီတုန်းက NUS ရဲ့ M.Sc (Mechanical) အတန်းရဲ့ တချို့ လက်ချာ(lecture)အတန်းတွေက “တခိုင်လုံးရွှေ”


အတန်းတွေပါ။ “တခိုင်လုံးရွှေ” အတန်းဆိုတာကတော့ အတန်းထဲမှာ မြန်မာ ကျောင်းသား/သူ တစ်ဝက်ကျော်ပါတယ်။
အဲဒီအချိန်တုန်းက မှတ်မီသလောက် RIT က mechanical တွေအားလုံး ကျွမ်းကျင်တဲ့ thermodynamic ဆိုင်တဲ့
Advanced Energy Engineering ၊ heat transfer အတန်းတွေ၊ machining technology အတန်းတွေ
အနားပေးချိန်(break)မှာ အားလုံးနီးပါး engineering canteen မှာ ဆုံကြပါတယ်။ ချစ်ဘို့ကောင်းတာ တစ်ခုက
မြန်မာတစ်ယောက် နှစ်ယောက် စထိုင်တဲ့ ခုံမှာ ကျန်တဲ့ နောက်ကျတဲ့လူတွေအားလုံး လာပြီး ဝိုင်းထိုင်ပြီး
အလုပ်အကြောင်း၊ နိုင်ငံအကြောင်း ပြောကြတာပါ။

အဲဒီနေ့က ကျနော် အသနားခံ အကူအညီတောင်းဘို့ အချိန်ကောင်းစောင့်နေတုန်း ကျနော်ကို ဝိုင်းစကြပါတယ်။


“မင်းမိန်းမပြန်ယူပြီး (၃)ပတ်လောက် အတူနေခဲ့ပြီး ဒီကိုပြန်လာတာ ဘယ်လိုနေလဲ။ ဘာ feel တွေ တက်နေသလဲ”
ဝိုင်းစကြပါတယ်။ (၃)ပတ်လောက်ဆိုတဲ့ အချိန်က ဘာမှ ပြောလို့ မရလောက်အောင် တိုတောင်းကြောင်းနဲ့ အခု
လွမ်းရေးထက် ဝမ်းရေး ခက်နေလို့ အလုပ်ရှာနေကြောင်း ပြောပါတယ်။

အဲဒီမှာ ကိုနိုင်ထွဋ်(ဟုထင်ပါသည်)က ကိုစိုးမိုးအောင် ကို ပြောပါတယ်။ ”ဟေ့ကောင် စိုးမိုး မင်းတို့ဆီမှာ မ,ကောင်


(မလေး project engineer) ထွက်သွားပြီးမို့လား၊ အင်တာဗျူးခေါ်ပြီးတော့ ခန့်လိုက်” လို့ ပြောပါတယ်။
ကိုစိုးမိုးအောင်က “မင်း ဆိုဒ်ထဲမှာလုပ်ဘူးလား ၊ လုပ်နိုင်လား” မေးပါတယ်။ ဆိုဒ်ထဲမှာ မလုပ်ဘူးကြောင်း၊
လုပ်နိုင်ကြောင်း၊ Air con အလုပ်ဆို လုပ်ချင်ကြောင်း၊ Changi airport/ Seletar airport မှာ mechanical technical
office(TO) နဲ့ (၂)နှစ် လုပ်ခဲ့ဘူးကြောင်း” ဖြေပါတယ်။ တခြား အကိုကြီးတွေက ဆိုဒ်ထဲက အလုပ်နဲ့ maintenance
အလုပ်နဲ့ နည်းနည်းတော့ ကွာခြားကြောင်း၊ အခက်အခဲရှိရင် သူတို့ကို မေးနိုင်ကြောင်း၊ လိုအပ်လျှင်
အကူအညီပေးမည်ဖြစ်ကြောင်း ဝိုင်းအားပေးပါတယ်။ (ကိုဝင်းနောင်၊ ကိုတင်ထွန်း၊ ကိုသူရဝင်းတင်၊ ကိုမောင်အံ နဲ့
တခြား စီနီယာ ၇ယောက်၊ ၈ယောက်လောက် ရှိပါတယ်။ အားလုံးက air con နဲ့ဆိုင်တဲ့ အလုပ်လုပ်နေကြတာပါ။
သူတို့က မမှတ်မိတော့လောက်ပေမဲ့ ကျနော် အမြဲ ကျေးဇူးတင်နေပါတယ်။) ကိုစိုးမိုးအောင်ကို သူ့ သူဌေး(company

1-3
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

boss)ကို ထောက်ခံ(recommend)ပေးဘို့ ဝိုင်းဖိအားပေးကြပါတယ်။ အဲဒါနဲ့ ကိုစိုးမိုးအောင်လည်း မနေနိုင်တော့ဘဲ


သူပြောပေးမယ် ဆိုပြီးတော့ အင်တာဗျူုးလုပ်ဘို့ ချိန်းပါတယ်။ အဲဒီနေ့ အတန်းဆင်းတော့မှ C.V ကို အသေအချာ
ပြန်ပြင်ဖြစ်တယ်။

အင်တာဗျူးသွားတော့ အသေအချာအားလုံးပြင်ဆင်သွားပေမဲ့ တကယ် ဗျူးတာ (၅)မိနစ်တောင် မကြာပါဘူး။


သူဌေး(company boss) ကို ကျနော်ရောက်နေကြောင်း ပြောတယ်။ ပြီးတော့ အခန်းထဲဝင်သွားတယ်။ သူကပဲ
မိတ်ဆက်ပေးပြီးတော့ အခု NUS မှ အတူတူ တက်နေကြောင်း၊ changi airport မှာ mechanical technical
office(TO) နဲ့ (၂)နှစ် လုပ်ခဲ့ဘူးကြောင်း၊ သူတာဝန်ယူကြောင်း၊ လုပ်နိုင်လိမ့်မည်ထင်ကြောင်း အနည်းအကျဉ်း
ရှင်းပြပါတယ်။

ကျနော် အံသြသွားတာက သူဘော့စ်ကို “Tonny မင်း ခန့်လိုက်” ဆိုပြီးတော့ ပြောပါတယ်။ သူ့ ဘော့စ်က ခဏ
စဉ်းစားနေတုန်းမှာပဲ။ (၁၅)စက္ကန့်လောက်ကြာတော့ ကိုစိုးမိုးကပဲ “မင်းမနက်ဖြန် အလုပ်ဆင်းနိုင်မလား၊
လစာဘယ်လောက်လိုချင်လဲ” ဆိုပြီးတော့ မေးပါတယ်။ ကျနော်လည်း ဘာပြောရမှန်းမသိဘဲ သူကို
ကြောင်ကြည့်နေပါတယ်။ အဲဒီအချိန်မှာမှ သူ့ဘော့စ်က ၂၀၀၀ ထောင်ဆိုရမလား(Two thousand ok?) လို့ ဝင်
မေးတာပါတယ်။ ၂၀၀၀ ထောင်ပေးမယ်လို့ ပြောတဲ့ positive question ပါ။ ကျနော်ရဲ့ တစ်ခွန်းတည်းသော
အင်တာဗျူး အဖြေကတော့ “YES” တစ်လုံးတည်းပါ။ ကျနော်နဲ့ ကိုစိုးမိုးအောင် အခန်းထဲက ပြန်ထွက်လာခဲ့ပါတယ်။

ဒါ ပထမဆုံးအကြိမ် စင်ကာပူ အင်တာဗျူးပါ။ (ဒီအလုပ်မတိုင်ခင် စင်ကာပူမှာလုပ်ဘို့ အင်တာဗျူးက မြန်မာပြည်မှာပါ။)


ကျနော် ဆိုလိုချင်တာက ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀/၁၁ ခုနှစ်လောက်အထိ မြန်မာ Air con site engineer ၊ project
engineer ရဲ့ အရည်အချင်းကို အကြောင်းသိတဲ့ အလုပ်ရှင်တော်တော်များများက အကြွင်းမဲ့ လက်ခံကြပါတယ်။
(အင်တာဗျူးဘို့ မလိုလောက်အောင် အရည်အချင်း ရှိကြပါတယ်။)
ကျနော်ဘဝမှာ ကိုစိုးမိုးအောင်လို့ လူမျိုးမှ ကျေးဇူးမတင်ရင် ဘယ်သူကို ကျေးဇူးတင်မလဲ။ ဒီစာနဲ့
ကျေးဇူးဆပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။

“မင်းမှာ အလုပ်နဲ့ ပတ်သက်လို့ အခက်အခဲရှိရင် ငါတို့ကို မေးလို့” ပြောတဲ့ စီနီယာကြီးတွေရဲ့ စကားကြောင့်


ကိုယ်ကိုကိုယ် ငါလုပ်နိုင်တယ်။ ပြဿနာတက်ရင် ငါကို ကယ်မဲ့သူ ရှိတယ် ဆိုတဲ့ ယုံကြည်မှုတွေ အလိုလို
ရလာပါတယ်။ သူတို့ရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့ အနေနဲ့ Air con သင်တန်းတွေ အခမဲ့ သင်ဖြစ်ပါတယ်။ Air con
စာအုပ်တွေ ရေးဖြစ်ပါတယ်။ ကိုယ်အလှည့်ရောက်တော့ မြန်မာအင်ဂျင်နီယာတွေကို အင်တာဗျူးမှာ ဘာမှမမေးဘဲ
ခန့်ဖြစ်ပါတယ်။ ဇော်ဇော်မင်း ၊ ကုလား(ကျော်ခင်ထွန်း) ၊ ကိုစိုးနိုင်၊ မှတ်မှတ်ရရ (၈) ယောက် ကျော် ပါတယ်။
အားလုံးနီးပါး ကျနော်ရဲ့ team ထဲမှာပဲ ခန့်တာပါ။ MNC ကုမ္ပဏီဖြစ်လို့ မလုပ်မဖြစ် အင်တာဗျူး ရပါတယ်။ Human
Resource က ဝန်ထမ်းတစ်ယောက် အင်တာဗျူးတဲ့ အဖွဲ့ထဲမှာ ရပါတယ်။ သူတို့ CV ကြည့်ပြီးတော့
ဖြေနိုင်တဲ့မေးခွန်းတွေကို ခက်အောင်ပြောပြီးမေးတာများပါတယ်။ အလုပ်စဝင်ခါစက supervisor ၊ အင်ဂျင်နီယာ post
ဖြစ်ပေမဲ့ အားလုံးနီးပါး ၄နှစ်၊ ၅ နှစ်အတွင်းမှာ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ အထိ ရာထူးတိုးကြပါတယ်။
တစ်ချို့ကတော့ ကျနော် team ထဲမှာ မဟုတ်ပေမဲ့ တခြား team တွေမှာ strong recommendation ပေးပြီးတော့ ခန့်
ခိုင်းတာပါ။ ကိုစိုးနိုင်ဝင်း၊ ကိုတင်မျိုးထက်၊ ကိုကေကေ အပါအဝင် (၇)ယောက်ကျော်ပါတယ်။ တခြားကုမ္ပဏီတွေမှာ
အင်တာမဗျူးဘဲ အလုပ်ရသွားတဲ့ အတူတူနေခဲ့ဘူးတဲ့ အတန်းထဲက သူငယ်ချင်းတွေ အများကြီးပါ။

ဒုတိယအကြိမ် အင်တာဗျူးကံကောင်းခြင်း

ဒုတိယအကြိမ် အင်တာဗျူး ကံကောင်းတာကတော့ ကိုခင်မောင်လွင် (Mech 93) ကျေးဇူးကြောင့်ပါ။ Floating


Production, Storage and Offloading (FPSO) မှ အလုပ်လုပ်ဘို့ ခန့်ပေးလို့ အင်တာဗျူး စရာမလိုဘဲ အလုပ်လုပ်ခွင့်
ရခဲ့ပါတယ်။ အဲဒီအတွက် ကိုခင်မောင်လွင် နဲ့ သူငယ်ချင်းအောင်အောင်ကို ကျေးဇူးတင်ပါတယ်။

1-4
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

နိဂုံးချုပ်အနေနဲ့ မြန်မာအင်ဂျင်နီယာတွေ ဘာမှ မတတ်ဘူး၊ ဘယ်မှာမှ ဝင်လုပ်လို့ မရဘူးလို့ ပြောနေတဲ့သူတွေကို


သူတို့ ပြောတာ မှားကြောင်း ကျနော်ဘဝ တစ်စိတ်တစ်ပိုင်းနဲ့ သက်သေပြဘို့ ဒီစာကိုရေးတာပါ။

အင်ဂျင်နီယာမျိုးဆက်သစ်များအတွက် စကားလက်ဆောင်ကတော့ လုပ်ချင်စိတ်သာရှိပါ။ စိတ်ဝင်စားစွာ ကြိုးစားပါ။


အင်ဂျင်နီယာအလုပ်နဲ့ ဘဝ တစ်ခုကို သန့်ရှင်း တည်ငြိမ်စွာ ထူထောင်နိုင်ပါတယ်။

ကောင်းထက်ညွန့်
၂၇-၀၂-၂၀၁၆

M&E နှင့် Subject Matter Expert(SME)


(ကျောင်းတက်ဆဲ၊ ကျောင်းပြီးခါစ အင်ဂျင်နီယာလောင်းများအတွက် ရည်ရွယ်ရေးသားပါသည်။)

အိမ်တစ်အိမ် အလှူလုပ်ရင် ချက်တတ်ပြုတ်တဲ့ လူလည်းလိုတယ်။ အခန်းကို လှပအောင် နေရာချ ၊


ဘယ်သူဘာလုပ်ဆိုတာ စီစဉ်တတ်တဲ့လူလည်း လိုတယ်။ ချက်တတ်ပြုတ်တဲ့ လူတွေမှာလည်း မုန့် ဟင်းခါး
ကောင်းကောင်းချက်တဲ့လူ၊ မြန်မာထမင်း ဟင်းကောင်းကောင်းချက်တဲ့လူ၊ ရှမ်းခေါက်ဆွဲ ကောင်းကောင်းချက်တဲ့လူ
စသည်ဖြင့် ကိုယ်ကျွေးမဲ့ အစားအစာကို ကောင်းကောင်းချက်တဲ့လူ ရှာရပါတယ်။

အဲလိုပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ (အထူးသဖြင့် အဆောက်အဦတွေဆောက်လုပ်တဲ့အခါ ) အခန်းလှပအောင်


စီစဉ်တတ်တဲ့သူက M&E မန်နေဂျာ၊ M&E အင်ဂျင်နီယာ၊ M&E coordinator တွေနဲ့ တူကြပါတယ်။

အစားအစာ ကောင်းကောင်းချက်တဲ့လူတွေက system specialist တွေနဲ့တူပါတယ်။ ACMV specialist ၊ Fire


specialist ၊ BAS specialist ၊ Security specialist ၊ P&S specialist တွေနဲ့တူပါတယ်။ အဲဒီလူတွေကို Subject
Matter Expert(SME) လိုခေါ်လေ့ရှိပါတယ်။ Subject Matter Expert(SME)ဆိုတာက system သို့မဟုတ် sub-
system တစ်ခုကို ဆရာကြီးအဆင့် ၊ ထိပ်တန်းကျွမ်းကျင်သူအဆင့် ရောက်သူ၊ လုပ်နိုင်သူကို ခေါ်တဲ့ အခေါ်အဝေါ်ပါ။

ဘယ်အလုပ်က ပိုကောင်းတယ်။ ဝင်ငွေဘယ်လောက်များတယ်။ ဘယ်လုပ်က သက်သာတယ်၊ ခက်ခဲတယ်


ဆိုတာတွေထက် မိမိကိုယ်မိမိ ဘယ်လို အလုပ်မျိုးနဲ့ သင့်လျော်တယ်။ ဘာကြောင့်သင့်လျော်တယ်ဆိုတာ
စနစ်တကျလေ့လာ ဆန်းစစ်စေချင်တာပါ။ ဘာလို့လဲဆိုတော့ လုပ်တဲ့အလုပ်က မိမိ ပင်ကိုယ်သဘာဝ နဲ့ မကိုက်ညီရင်
သေချာပေါက် မအောင်မြင်ပါဘူး။ ထိပ်တန်းအဆင့်မရောက်နိုင်တာ သေချာပါတယ်။ အာမခံတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အလုပ်မျိုးဆို တစ်နေ့ (၁၈)နာရီလောက်လုပ်ရလည်း ပင်ပန်းတယ်လို့ မထင်ဘဲ အမြဲတက်ကြွစွာ


အလုပ်လုပ်နိုင်တယ်။ စိတ်ပါဝင်စားမှုရှိလို့ပါ။ အမြဲ အလုပ်လုပ်ချင်နေတယ်။ အလုပ်လုပ်ရမှာ ပျော်နေတယ်။ ဒါကြောင့်
စိတ်ပါဝင်စားမှုက ထိပ်တန်းအဆင့်ရောက်အောင် အောင်မြင်မှုစေတဲ့ အဓိက အကြောင်းပါပဲ။

M&E ဆိုတာ ဘာသာရပ်တစ်ခုဟုတ်ပါဘူး။ ထင်ရှားတဲ့ ဘယ်တက္ကသိုလ်မှာမှ M&E subject ဆိုပြီး


ဘာသာရပ်တစ်ခုအနေနဲ့ သင်ပေးတာ မရှိပါဘူး။ M&E အလုပ်ဆိုတာ အဆောက်အဦထဲမှာ ရှိတဲ့ M&E
service/system တွေအားလုံးနီးပါးကို သဘောလောက်နားလည်သဘောပေါက်အောင် အားထုတ်ပြီး
တပ်ဆင်ခြင်း(installation work)၊ coordination work တွေ အဆင်ပြေပြေ ပြီးမြောက်အောင် ဆောင်ရွက်
ပေးရတာပါ။ တစ်နည်းအားဖြင့် ACMV ၊ Fire protection ၊ BAS ၊ Security ၊ P&S စတဲ့ system ရဲ့ အလုပ်လုပ်ပုံကို

1-5
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

အကြမ်းဖြင်းနားလည်သဘောပေါက်ပြီး သက်ဆိုင်တဲ့ code of practices ကို လိုက်နာပြီး အတူတကွ အဆင်ပြေပြေ


အချိန်မီ ပြီးမြောက်အောင် တပ်ဆင်ရတဲ့အလုပ်ပါ။

M&E မန်နေဂျာ၊ M&E အင်ဂျင်နီယာ၊ M&E coordinator တွေရဲ့ အဓိက အလုပ်က how to အလုပ်ပါ။
ဘယ်လိုနေရာချမလဲ(coordination work)။ ဘယ်လိုအခက်အခဲတွေ ကျော်လွားမလား။ ဘယ်လိုအချိန်မှီ
ပြီးအောင်လုပ်မလဲ။ ဆိုတာတွေကို နေစဉ်နဲ့ အမျှ လုပ်ကြရတယ်ပါ။ Why ဆိုတာက တော့ တော်တော်
မေးလေ့မရှိတဲ့မေးခွန်းမျိုးပါ။ ဘာကြောင့် ဒီပိုက် size သုံးရတာလဲ ။ ဘာကြောင့် AHU မှာ chilled water flow control
valve က return ပိုက်မှာတတ်ရတာလဲ။ Pump မှာ VSD တတ်ရမှာလား။ မတတ်ဘဲနေလို့ ရလား။ Building
Automation System တစ်ခုရဲ့ MSTP network တစ်ခုအတွင်းမှာ DDC controller ဘယ်နှစ်လုံးထည့်ခွင့်ရှိပါသလဲ။
CCTV camera နဲ့ recorder နဲ့ အကြား အများဆုံး cable length ကျော်သွားရင် ဈေးအနည်းဆုံးနဲ့
ဘယ်လိုဖြစ်ရှင်းမလဲ။ အဲဒီကိစ္စတွေက Subject Matter Expert(SME)တွေရဲ့ အလုပ်ပါ။

M&E နဲ့ SME ကြွဲ ပားချက်များ

M&E
(၁) M&E မန်နေဂျာ၊ M&E အင်ဂျင်နီယာ၊ M&E coordinator တွေ လစာကောင်းကောင်း ရနိုင်တဲ့ ကုမ္မဏီတွေကတော့
Main Contractor တွေပဲဖြစ်ပါတယ်။ Main Con ကုမ္မဏီကြီးလေ project ကြီးကြီး ရနိုင်လေ M&E တွေ
လစာများလေပါ။ နိုင်ငံတစ်ခုမှာ Main Con အရေအတွက် သိပ်မများနိုင်တာမို့ M&E မန်နေဂျာ post သိပ်မများနိုင်ပါ။
နိုင်ငံတစ်ခုရဲ့လုပ်နေဆဲ Project အရေအတွက် အနည်းအများပေါ်မှာလည်း မူတည်ပါတယ်။

(၂) M&E သမားတွေက Project ကို လိုက်ပြောင်းနေရလေ့ရှိပါတယ်။ ကိုယ်လုပ်နေတဲ့ Poject ကြီးကြီး ပြီးလို့
ကိုယ်လက်ရှိလုပ်နေတဲ့ ကုမ္မဏီက Project ကြီးကြီးထပ်မရရင် တခြား ကုမ္မဏီကို ပြောင်းရလေ့ရှိပါတယ်။
(၃) ကျောင်းကသင်ခဲ့ရတဲ့ သီအိုရီတွေ ပြန်အသုံးချခွင့်နည်းတယ်။
(၄) M&E သမားတွေက Civil work တွေရဲ့ အခေါ်အဝေါ်တွေ၊ လုပ်ငန်းအဆင့်တွေ ကို SME တွေထက်
ပိုကျွမ်းကျွမ်းကျင်ကျင် သိထားရပါတယ်။ အဲဒါမှ M&E အလုပ်တွေ ရဲ့ schedule ကို ပိုင်ပိုင်နိုင်နိုင်ရေးဆွန
ဲိုင်မှာပါ။

(၅) အရှုံးအမြတ်ဆိုတာ M&E သမားတွေနဲ့ သိပ်မဆိုင်ပါဘူး။


(၆) အလုပ်လုပ်ချိန် များသည်။ တစ်နေ့ အနည်းဆုံး(၁၀)နာရီကျော်သည်။ project ပြီးခါနီးအချိန်တွင် တစ်နေ့
အနည်းဆုံး(၁၂)နာရီကျော်သည်။

(၇) အဆောက်အဦထဲမှာ ရှိတဲ့ M&E service/system တွေအားလုံးနီးပါးနဲ့ code of practices တွေကို


ကျွမ်းကျွမ်းကျင်ကျင် how to အဆင့်နဲ့ သိထားရပါတယ်။ why ဆိုတဲ့မေးခွန်း ကိုယ်ကိုကိုယ် ပြန်မေးလေ့မရှိပါ။

(၈) M&E အတွက်ရယ်လို့ သီးသန့်ထွက်တဲ့ စာအုပ်မရှိသလောက်နည်းပါတယ်။ M&E စာအုပ်ဆိုတာ M&E


service/system တွေအားလုံးနီးပါးကို သဘောလောက်ရှင်းပြထားပြီး ဘယ်လို တပ်ဆင်ခြင်းအလုပ်တွေ(installation
work)လုပ်ရတယ်၊ နိုင်ငံကို လိုက်ပြီး လိုက်နာရမဲ့ code of practices ကိုလိုက်နာပြီး ဘယ်လိုမျိုး coordination work
တွေ အဆင်ပြေပြေ ပြီးမြောက်အောင် လုပ်ရတယ် ဆိုတာတွေကို ရေးသားထားမျိုး ပဲဖြစ်ပါတယ်။ System
တစ်ခုချင်းစီကို ဖော်ပြတဲ့ စာအုပ်တွေလို အသေးစိတ်ရေးလေ့မရှိပါဘူး။

(၉) M&E တွေ ကျင်လည်ရမဲ့ နယ်ပယ်က construction industry သို့မဟုတ် construction site ပါ။

1-6
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

(၁၀) System တစ်ခုခုကို အဆင့်မြင့်နားလည်ထားတဲ့ M&E သမားတွေက ပိုအောင်မြင်လေ့ရှိပါတယ်။

Subject Matter Expert(SME)


(၁) အနိမ့်ဆုံး ပိုက် pipe sleeve ထည့်တဲ့ အလုပ်က စပြီး chiller မောင်း ၊ ပန့်မောင်းတဲ့ အထိ water balancing ၊ air
balancing လုပ်ငန်းအထိ တစ်ယောက်တည်း လုပ်တတ်ရပါတယ်။

(၂) ကိုယ်ရွေးလိုက်တဲ့ pipe size ၊ duct size ၊ valve size ၊ damper size ၊ pump size ၊ chiller size စတာတွေက
သေချာပေါက် မှန်တယ်။ အမှားအယွင်း မရှိစေရဘူးဆိုတဲ့ ယုံကြည့်ချက်မျိုး ရလောက်တဲ့ အထိ
လေ့လာမှုအားကောင်းရပါတယ်။ Self confidence အလွန်မြင့်အောင် လေ့ကျင့်ပျိုးထောင်ယူရပါတယ်။

(၃) ကိုယ်ရွေးလိုက်တဲ့အရွယ်အစား၊ brand ၊ အမျိုးအစား(type) တွေက သင့်လျော်ဆုံးဖြစ်ပြီး


ဈေးအသက်သာဆုံးဖြစ်ကို ဖြစ်နေရပါတယ်။ ရွေးတာ မှန်တယ်။ တပ်လို့ရတယ်။ အလုပ်ဖြစ်တယ်။ အဆင်ပြေတယ်
ဆိုပေမဲ့ ဈေးကြီးလွန်းရင် project ပြီးတော့ အရှုံးပေါ်နေရင်လည်း ခွက်ဆရ
ွဲ မဲ့ကိန်းဆိုက်မှာပါ။ Subject Matter
Expert(SME) ညံ့လို့ပါ။

(၄) လုပ်သက်များလေ အလုပ်က သက်သာလာလေ။ ပေါ့ပေါ့ပါးပါး နဲ့ အားလုံးကို အောင်မြင်အောင်


လုပ်တတ်လာလေဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လုပ်နေကြ အလုပ်တွေကို ထပ်ခါထပ်ခါ လုပ်နေရလို့ပါ။ Code
of practices တွေ အလွတ်ရလာတယ်။ ဆောင်ရန် ရှောင်ရန်တွေ အလွတ်ရလာတယ်။ ကြိုလုပ်ထားရမဲ့ဟာတွေ
သိလာတယ်။

(၅) Subject Matter Expert(SME) တွေက များသောအားဖြင့် ကုမ္မဏီ ပြောင်းလေ့ မရှိပါ။

(၆) ဘာလို့ လုပ်ရတယ်။ ဘာကြောင့် မလုပ်ရဘူးဆိုတဲ့ why မေးခွန်းတွေကို အမြဲ ကိုယ်ကိုကိုယ်ပြန်မေးနေရတယ်။

(၇) ကျောင်းက သင်ခဲ့တာတွေ၊ သီအိုရီတွေအားလုံး သူနေရာနဲ့သူ ပြန်ပြီး သုံးချနေရလေ့ရှိတယ်။ အဲတော့ ကျောင်းမှာ


စာမကြေညက်ခဲ့သူတွေအတွက် အခက်အခဲရှိနိုင်တယ်။

(၈) System တစ်ခုကို လုံးဝ နားလည်သဘောပေါက်ရင် တခြား System တွေကိုလည်း


အလွယ်တကူလေ့လာနိုင်တယ်။ ဥပမာ- ACMV က ပိုက်တွေအကြောင်း၊ ပန့်တွေအကြောင်း၊ friction loss
တွေအကြောင်း ကျွမ်းကျင်တဲ့ သူတွက် fire protection sprinkler system ကို လေ့လာပြီး ဒီဇိုင်းလုပ်ဘို့ မခက်ပါဘူး။
Building Automation System ကျွမ်းကျင်တဲ့ သူတွက် Fire Alarm system ကို အချိန်တိုအတွင်း
ကျွမ်းကျင်သူဖြစ်အောင် လေ့လာလို့ရပါတယ်။

(၉) Subject Matter Expert(SME)က construction industry သို့မဟုတ် construction site


တစ်ခုတည်းမဟုတ်ပါဘူး။ ဆောက်လုပ်ပြီးတဲ့ building တွေ၊ တခြား oil and gas နယ်ပယ်၊ shipyard တွေ
အများကြီး ရှိပါတယ်။

(၁၀) System တွေလေ့လာရန် ဖတ်စရာ အလကား ရနိုင်တဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။

(၁၁) ရုံးမှာ အချိန်သိပ်မပေးရပေမဲ့ ကိုယ်ပိုင်အချိန်တော်တော်များများက ကိုယ်သိချင်တဲ့ ဘာသာရပ်ကိုလေ့လာဘို့


ကုန်ဆုံးသွားပါတယ်။ ပြဿနာတက်လို့ အိပ်မပျော်တဲ့ညတွေလည်း သေချာပေါက် ကြုံတွေရပါလိမ့်မယ်။

1-7
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

နိဂုံးချုပ်
အသက်မွေးဝမ်းကျောင်း နယ်ပယ်တစ်ခုကို အခြေမချမီ သိသင့်သိထိုက်တာတွေ အရင်လေ့လာပြီးမှာ မိမိနဲ့
အကိုက်ညီဆုံးကို ရွေးချယ်ပါ။ အင်ဂျင်နီယာကျောင်းတက်တုန်းက civil ၊ mechanical ၊ Mechatronic ၊ electrical
ဘာပဲ ရွေးခဲ့ ရွေးခဲ့ အခုရွေးချယ်ချင်းသည် နောက်ဆုံးရွေးချယ်ခြင်း ဖြစ်ပါစေ။ မှားလို့ နောက်တချိန် ပြန်လည် ရွေးချယ်
ရအုံးမယ်ဆို သိပ်အချိန်နောက်ကျသွားလိမ့်မယ်။

မိမိ အရည်အချင်းနဲ့ သင့်လျော်တဲ့ နယ်ပယ်မျိုးကို မှန်ကန်စွာ ရွေးချယ်နိုင်ရင် ထိပ်တန်းအဆင့်တစ်နေရာကို


အလုပ်လုပ်နေသမျှ ကာလပတ်လုံး တချိန်မှာ ရောက်ရှိမှာပါ။

မှန်ကန်စွာ ရွေးချယ်ပြီး ထိပ်တန်းရောက်နိုင်ကြပါစေ။

ကောင်းထက်ညွန့်
၂ ရက်နေ့ ဇူလိုင်လ ၂၀၁၆

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို သင်ယူ လေ့လာခြင်း (အပိုင်း-၁)

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို လေ့လာသင်ယူလိုသူများ အားလုံးအတွက်


ရည်ရွယ်ရေးသားပါသည်။

ပြောင်းကြစို့ .. ပြောင်းလဲချင်ပြီ .. ပြောင်းလဲတော့မည်ဆိုပြီး ပြောဆိုနေကြတာတွေ့ မြင်ရကြားရလို့ နည်းပညာ


လေ့လာဘို့ ကြိုးစားနေတဲ့သူတွေနှင့် သင်ကြား ပြသပေးသူတွေကို အမှန်တကယ် ပြောင်းလဲစေချင်လို့
ရေးဖြစ်တာပါ။ ပြောင်းလဲခဲ့ပြီလို့ ပြောနိုင်ရန်အတွက် ရေးသားခြင်း ဖြစ်ပါသည်။

Profession တစ်ယောက်ဖြစ်ရန်အတွက် ကျွမ်းကျင်မှု အမျိုးမျိုးတတ်မြောက်ရန်နှင့် သိသင့်သိထိုက်သည့်


ဗဟုသုတများရရှိရန် သင်တန်းများစွာ တတ်ရောက်ရခြင်း၊ နည်းပညာစာအုပ်များ ဖတ်ရှုရခြင်း ၊ workshop များ၊
seminar များ၊ ဗီဒီယိုခွေများဖြင့် လေ့ကျင့်ရခြင်း စတဲ့ မိမိအတွက် ရင်နှီးမြုတ်နှံမှုများစွာ ပြုလုပ်ခဲ့ရပါတယ်။

PE တစ်ယောက် လိုင်စင် အသစ်လဲဘို့ (renewal လုပ်ဘို့) ၊ ဆရာဝန်တစ်ယောက် ဆမ သက်တမ်းတိုးဘို့  နှစ်စဉ်


သင်တန်း၊ workshop ၊ seminar နာရီ(CDP/PDP) များစွာ လိုအပ်ပါတယ်။

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို လေ့လာနိုင်သည့်နည်းလမ်းများစွာ ရှိသည်။


(၁) ဆရာသမားထံ၌ တပည့်ခံ၍ လေ့လာသင်ယူခြင်း
(၂) သင်တန်းတက်ခြင်း
(၃) workshop များ၊ seminar များ၊ ဗီဒီယိုခွေများ၊ အင်တာနက်၊ youtube စသည်တို့မှ လေ့လာခြင်း
(၄) နည်းပညာစာအုပ်များ ဖတ်ရှုခြင်း

စသည်နည်းများနဲ့ အတတ်ပညာတစ်ခုခု၊ နည်းပညာတစ်ခုခုကို သင်ယူနိုင်ပါတယ်။

1-8
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

အထက်ပါနည်း (၄)မျိုးအကြောင်းကို အသေးစိတ် နှိုင်းယှဉ် ဖော်ပြထားသည်။ လေ့လာမှုများ ပြုလုပ်စဉ်


အကျိုးများစေရန် ၊ လိုက်နာရမည့်နည်းများနှင့် ဆောင်ရန် ၊ ရှောင်ရန်များကို ဖော်ပြထားသည်။ မည်သည့်
အတတ်ပညာများကို လိုက်၍ မည်သည့် လေ့လာနည်းနှင့် လေ့လာသင့်သည်။ သင်မည့်ဘာသာရပ်နှင့်
လေ့လာသင်ယူမည့်နည်း ကိုက်ညီ သင့်လျော်မှု ရှိမရှိ ခြွဲ ခားဆန်းစစ်နိုင်မည့် နည်းများကို ဖော်ပြထားသည်။

(၁) ဆရာသမားတစ်ယောက်ထံ၌ တပည့်ခံ၍ လေ့လာသင်ယူခြင်း


ရှေးယခင်က ဒီသာပါမောက္ခ ဆရာကြီးဆီမှာ သုံးနှစ်သုံးမိုး တပည်ခံ သင်ယူခဲ့ကြရတာပါ။ ဆရာ
သမားက နေထိုင် စားသောက်ပုံက အစ သိသင့်သိထိုက် တတ်သင့်တတ်အပ်သည့် အဌာရဿ ပညာရပ်များး
အားလုံးကို လေ့ကျင့် သင်ကြားပေးတယ်လို့ ဆိုပါတယ်။ DSA ၊ OTS စသည့် in camp training များလည်း
အကျုံးဝင်နိုင်သည်။
အခုခေတ်မှာတော့ ဒီနည်းက မဖြစ်နိုင်တဲ့ နည်းတစ်နည်းလို့ ပြောရမှာပါ။ နယ်ဘက်က
ကားဝပ်ရှော့တွေမှာ အဲဒီနည်းတွေ ရှိကောင်းရှိပါလိမ့်မယ်။

(၂) သင်တန်းတက်ခြင်း
သင်တန်းတက်ရောက်ကာ အလွယ်တကူ သင်ယူ၍ ရနိုင်သည့် အတတ်ပညာများရှိသလို သင်တန်း
ဖွင့်လှစ်သင်ကြားရန် မဖြစ်နိုင်သည့် ဘာသာရပ် များလည်း ရှိသည်။ စာတွေ့လက်တွေ့ တွ၍
ဲ သင်ပြ
လုပ်ပြရသည့် ဘာသာရပ်များသည် သင်တန်းတတ်ရန် သင့်လျော်သည့်ဘာသာရပ်များ ဖြစ်ကြသည်။

သင်ကြားပို့ချပေးမည် နယ်ပယ်၊ ပမာဏ တိကျ(specifc ဖြစ်)ရန် လိုသည်။ ဥပမာအားဖြင့် AutoCAD software


၊ ETAB structural software ၊ Carrier's Hourly Analysis Program Cooling load စသည် သင်ကြားမည့်
နယ်ပယ်ကို ဘောင်ခတ်၍ လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အနောက်တိုင်းအစားအစာ
ချက်ပြုတ်ခြင်း၊ ပန်းအလှပြင်ခြင်း၊ ဆံပင်မိတ်ကပ် အလှပြင်ခြင်း စသည့် အတတ်ပညာများက သာမာန်
လူများတွက် သင်တန်းတတ်ပြီး လေ့ကျင့်သင်ကြားဘို့ အထူး သင့်လျော်သည်။ စာဖတ်ပြီး မိမိဖာသာ
လေ့ကျင့်လျင် ဖြစ်နိုင်သော်လည်း ပိုခက်ခဲတတ်သည့် သဘော ရှိသည်။

(၂.၁) သက်သောင့်သက်သာ အဖြစ်ဆုံးသော လေ့လာသင်ကြားနိုင်သည့်နည်း ဖြစ်ခြင်း


သင်တန်းတက်ခြင်းသည့် လေ့လာသင်ယူနည်းများအနက် အသက်သာဆုံးသောနည်းဖြစ်သည်။ သင်တန်း
ဆရာက ခူးခပ်ပြင်ဆင်ပြီး ဇွန်းဖြင့် ခွံကျွေးခြင်း ဖြစ်သောကြောင့် မပင်ပန်းဘဲ အသက်အသာဆုံး သောနည်းဖြင့်
လေ့လာသင်ယူနိုင်ခြင်း ဖြစ်သည်။ သင်တန်း၊ သင်တန်းဆရာမှ လိုအပ်သမျှ အားလုံးကို ရှာဖွေ ပြုစု
ပြင်ဆင်ပေးသည်။ သင်တန်းမှတ်စု ပေးသည်။ လိုအပ်သည့် ဇယားများ ၊ ဂရပ်များ၊ ပုံကားချပ်များကို စုဆောင်း
ပြင်ဆင် ဝေငှပေးသည်။

သင်တန်သားအလုပ်မှာ ထိုင်၍ နားထောင်ယုံ ကြည်ရှုရုံသာ ဖြစ်သည်။


အလွန်သက်သောင့်သက်သာဖြစ်သောကြောင့် သတိလက်လွတ် ဖြစ်သွားနိုင်သည်။ တခြားနေရာများသို့
စိတ်ရောက်သွားလိမ့်မည်။ အိပ်ငိုက်သွားတတ်သည်။

(၂.၂) လွမ
ှဲားစွာ ပြောဆို နားလည်ထားသည့်အရာများ
မှားယွင်းစွာ အလွမ
ှဲားစွာ ပြောဆိုနေကြသည့် ကိစ္စတချို့ကို အနည်းငယ် ကြွဲ ပားစွာ သဘောပေါက်
နားလည်သွားအောင် အနည်းငယ် ရှင်းပြလိုသည်။

1-9
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

AutoCAD/Revit software သင်တန်း


အကြမ်းအားဖြင့် အဆင့်(၂)မျိုး ခြွဲ ခားသတ်မှတ်ပြီး ရှင်းပြလိုပါသည်။ ပုံဆသ
ွဲူအဆင့်(drafter)နှင့် ဒီဇိုင်းနာ
(designer)အဆင့်ဖြစ်သည်။

လိုင်းတစ်ကြောင်း၊ စတုဂံတစ်ခု ဘယ်လိုဆ၊ွဲ ဘယ်လို copy ကူးတယ်။ ဘယ်လိုဖျက်တယ်လို့


သင်ပေးတာက ပုံဆွသ
ဲူ(drafter)အဆင့် သင်ကြားပေးတဲ့ သင်တန်းပါ။

Beam က ဘယ်အရွယ်အစား ဖြစ်ရမယ်၊ အုပ်ဖိနပ်(footing)က ဘယ်အရွယ်အစား ဖြစ်ရမယ်။ ဘယ်


အုပ်ဖိနပ် (footing) အမျိုးအစား သုံးရမယ်။ ဘယ်လိုပုံစံ ဆွမ
ဲ ယ်။ ဘယ်လိုဆရ
ွဲ မယ်လို့ သင်ပေးတာ
ဒီဇိုင်းနာ(designer) အဆင့်ပါ။

Chiller plant room ဆိုရင် ဘယ် chiller အရွယ်အစားအတွက် pump အရွယ်အစား ဘယ်လောက်
ဖြစ်ရမယ်။ ပိုက်အရွယ်အစား ဘယ်လောက်သုံးမယ်။ ဘယ်လိုထားမယ် ဘယ်လိုဆရ
ွဲ မယ်လို့ သင်ပေးတာ
ဒီဇိုင်းနာ(designer)အဆင့်ပါ။

ဒီဇိုင်းနာ(designer)အဆင့်မှာ တစ်ခု ထပ်ပိုတာက မိမိကိုယ် မိမိယုံကြည်မှု (self-confidence)


ရအောင် သင်ပေးလိုက်တာပါ။ စာအုပ်ထဲကဟာ သင်ပေးလိုက်တာကို တကယ်လုပ်ရဲတဲ့အထိ ယုံကြည်မှု
မရသေးဘူးဆိုရင် တတ်သွားပြီလို့ မပြောနိုင်ပါဘူး။ သူများဆွတ
ဲ့ ပုံတွေကို မိမိအတွေအကြုံနဲ့
လေ့လာဆန်းစစ်နိုင်တဲ့ အဆင့်လောက်ထိအောင် သင်ကြားပေးနိုင်မှ ဒီဇိုင်းနာ(designer)အဆင့်ရောက်မှာပါ။
အခုခေတ်အခုအချိန်မှာတော့ သင်တန်းကြော်ငြာတွေမှာ ကိုယ်ကြိုက်တဲ့ စာလုံးကို ကြိုက်သလိုရေးပြီးတော့
ကြော်ငြာနေကြတာပါ။

ETAB structural software မှာ ဆိုရင်လည်း သူများပေးတဲ့ ဒေတာတွေကို လိုက်ထည့်ပြီး(key


in)တော့ ပုံထွက်လာတဲ့ အဆင့်က ပုံဆသ
ွဲူ(drafter) အဆင့်ပါ။ ကိုယ်တိုင် ထည့်ရမဲ့ဒေတာတွေ
ရှာဖွေတတ်အောင်၊ သုံးရမဲ့ ဆောက်လုပ်ရေးပစ္စည်းအမျိုအစားတွေ ရွေးချယ်တတ်အောင်၊ I beam ၊ C channel
အရွယ်အစားတွေကို ဆုံးဖြတ်တတ်အောင် သင်ပေးနိုင်မှ ဒီဇိုင်းနာ(designer)အဆင့် သင်တန်းပါ။

Carrier's Hourly Analysis Program Cooling load software ဆိုရင် လည်း သူများပေးတဲ့
ဒေတာတွေကို လိုက်ထည့်ပြီး(key in)တော့ total cooling load တန်ဖိုးနဲ့ အချိန်နာရီအလိုက် (hourly)
cooling load တန်ဖိုးတွေထွက်လာတာက software သုံးတတ်သူ အဆင့်ပါ။

ကိုယ်တိုင် ဇုံခွန
ဲိုင်မှ ၊ ဈေးကွက်ထဲမှာ ရှိတဲ့ equipment အမျိုအစားနဲ့ ကိုက်ညီတဲ့ cooling load
ရအောင် ဇုံတွေကို ပြန်ခန
ွဲိုင်မှ အထဲမှ ထည့်ပေးရမဲ့ parameter တွေရဲ့ တန်ဖိုးကို ဆုံးဖြတ်နိုင်အောင်
သင်ပေးတဲ့ သင်တန်းမှ ဒီဇိုင်းနာ(designer)အဆင့်သင်တန်းပါ။

အခုခေတ် အခုအချိန်မှာတော့ စာရွက်ပေါ်မှာ ဂဏန်းပေါင်းစက်နဲ့ ရိုးရိုးအခန်းတစ်ခန်းရဲ့ cooling load


တောင်တွက်တတ်တဲ့ အဆင့်ထိ မသင်ပေးဘဲ software သုံးပြီးတော့ ဒေတာတွေ
အချက်အလက်တွေထည့်တတ်ရုံ(key in) နဲ့ ဒီဇိုင်းနာ(designer)အဆင့်ပါလို့ ပြောတဲ့ သင်တန်းတွေလည်း
ရှိကောင်း ရှိနိုင်ပါတယ်။

သင်တန်းတွေရဲ့ အဆင့်နဲ့ သင်တန်းအထောက်အကူပြု ပစ္စည်း(teaching material) တွေ၊ သင်တန်းက


စာရွက်စာတန်း၊ သင်ပေးတဲ့ အချိန်တွေကို နှိုင်းယှဉ်လေ့လာပြီးတော့ မိမိနဲ့ သင့်လျော်တဲ့ သင်တန်း မိမိ
သင်ကြားလိုတဲ့ သင်တန်းကို ရွေးချယ် နိုင်ကြပါစေ။ သင်တန်းကြေးနဲ့ သင်တန်းဆရာ အကြောင်းကတော့

1-10
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

မရေးဘဲ ချန်ထားခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေး၊ ငွေကြေးနဲ့ သက်ဆိုင်တဲ့ sensitive အကြောင်းအရာတွေ ဖြစ်နိုင်တာမို့


မရေးတော့ပါ။

မိမိကို သင်ပေးမဲ့ ဆရာသည် အဓိက အကြဆုံး အချက်တစ်ချက် ဖြစ်ပါသည်။ မမေ့သင့်သည့်


နောက်အချက်တစ်ခုမှာ ကိုယ်ကို သင်ပေးမဲ့ ဆရာ သိထား၊ တတ်ထားတာထက် ကိုယ်ရ လိုက်မည့် ပမာဏက
ဘယ်တော့ မှ ပိုမများဘူး ဆိုတဲ့ အချက်ပါဘဲ။

သင်ပေးတဲ့ ဘာသာရပ်၊ အတတ်ပညာနဲ့ သင်တန်ပေးသည့် ဆရာက နှစ်ပေါင်း ဘယ်လောက်များများ


အလုပ်လုပ်ဘူးတယ် ဆိုတာပါ။

(၂.၃) တခြားနည်းများနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် ပိုများခြင်း


တခြားနည်းများ(စာအုပ်ဖတ်ခြင်း၊ VCD ၊ youtube)နှင့် နှိုင်းယှဉ်ရင် သင်တန်းတတ်ခြင်းနည်း၏
ကုန်ကျစရိတ်သည် အများဆုံး ဖြစ်သည်။ သင်တန်းတတ်သူ တော်တော်များများက ရရှိမဲ့ အသိပညာ၊
အတတ်ပညာထက် certificate ကို ပိုပြီး တန်ဖိုးထားနေကြတာ တွေ့ရပါတယ်။ သူတို့ မေ့နေတဲ့ အချက်က
အလုပ်ရဘို့ အင်တာဗျုးတဲ့အခါ သူတို့ကို အလုပ်ပေးဘို့ အင်တာဗျူးတဲ့သူကလည်း အဲဒီသင်တန်းတွေတတ်ပြီး
ဘာတွေ တတ်ခဲ့တယ်၊ ဘာတွေ မတတ်ခဲ့ဘူး ဆိုတာကို သိနေတဲ့သူပါ။

(အများစုက မတတ်မြောက်ခဲ့ဘူးလို့ ယူဆသတ်မှတ်ထားပြီးသားပါ။) ဆိုလိုတာက အင်တာဗျုးတဲ့သူက


certificate ပြလိုက်တာနဲ့ အဲဒီပညာတွေကို တတ်မြောက်ထားပြီးလို့ မယူဆ၊ မသတ်မှတ်ပါဘူး။ ပိုက်ဆံရှိလို့ ၊
အချိန်အားလို့ အလကားမနေဘဲ သင်တန်းတတ်ထားတယ်ဆိုတဲ့ သဘောမျိုးတော့ စဉ်းစားပေးပါလိမ့်မယ်။

သင်တန်းချိန် နာရီ(၃၀)ရှိပြီး တစ်သိန်းခွေ


ဲ ပးရတဲ့ သင်တန်းအတွက် တစ်နာရီတန်ဖိုးသည် ကျပ် ၅၀၀၀
(ငါးထောင်ကျပ်)ဖြစ်သည်။ သင်တန်း တစ်နာရီတန်ဖိုးသည် အခြေခံ အလုပ်သမား တစ်ယောက်၏ တစ်နေ့လုပ်ခ
နီးပါးခန့် ဖြစ်သည်။ ထို့ကြောင့် သင်တန်းချိန်အားလုံးကို အကျိုးရှိအောင် လေ့လာသင်ယူသင့်သည်။

(၂.၄) သင်တန်းချိန်တွင် လန်းဆန်းတက်ကြွနေရန် လိုအပ်ခြင်း


သင်တန်းချိန်မှာ မိမိကိုယ်တိုင်က ၁၀၀% ကျန်းမာ နေရန်လိုအပ်သည်။ ထို့အတူ ဆရာကလည်း ၁၀၀%
ကျန်းမာနေပြီး အားအင်ပြည့်ဝ နေရမည်။ Energetic ဖြစ်နေရပါမည်။ အဲဒါမှ ဆရာက ရှိသမျှ ပညာကုန်
သင်ပေးဘို့ လန်းဆန်းတက်ကြွနေမှာပါ။ တပည့် သင်တန်းသားကလည်း နည်းပညာကို ဆာလောင်
မွတ်သိပ်နေရမှာပါ။ အဲဒါမျိုး ဆရာ ၊ တပည့် နှစ်ဦးလုံး လန်းဆန်းတက်ကြွနေတဲ့ အချိန်က မနက်ပိုင်းအချိန်ပါ။
ဒါကြောင့် ဖြစ်နိုင်ရင် မနက်ပိုင်း သင်တန်းကို ရွေးချယ် သင့်ပါတယ်။ အဲဒါကြောင့် စင်ကာပူက သင်တန်း
အများစုရဲ့ သင်တန်းချိန်က ရုံးချိန်(၉နာရီက ညနေ ၅နာရီ) ဖြစ်ပါတယ်။

ဆရာကလည်း ကျန်းမာရေး ချို့ယွင်းတဲ့ အခိုက်အတန့်တွေ ရှိနိုင်သလို့ တပည့်တွေကလည်း


ဆီးသွားချင်၊ အိမ်သာတတ်ချင်တဲ့ ကိုယ်လက် မအီမသာမှုမျိုးတွေ ဖြစ်နိုင်ပြီး အာရုံစူးစိုက်မှု နည်းတဲ့ အချိန်တွေ ၊
concentration မကောင်းတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။

လက်တွေ့ မြင်တွေ့နေရတဲ့ အခြေအနေတွေကတော့ ညနေပိုင်းသင်တန်းချိန်တွေမှာ ဆရာရော


တပည့်တွေပါ "ပြိုင်း"ပြီးတော့ ချွေးသီးချွေးပေါက်တွေနဲ့ သင်တန်ခန်းထဲကို ရောက်လာကြပါတယ်။ ထမင်း
သို့မဟုတ် အဆာပြေ တစ်ခုခု စားထားပြီး ၊ သင်တန်းခန်းကလည်း air con ရှိတယ် သို့မဟုတ် သိပ်မပူဘူးဆိုရင်
တော်တော် အိပ်ငိုက်လို့ ကောင်းတဲ့ အချိန်ပါ။ သင်တန်းကြေးတွေ ၊ ဘတ်စ်ကားခတွေ အကုန်ခံပြီး
စားပွက
ျဲဉ်းကျဉ်း ခုံကျဉ်းကျဉ်းလေးနဲ့ လာအိပ်ငိုက်ကြတာပါပဲ။

1-11
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

ဘုတ်ပေါ်က ၊ screen ပေါ်က စာလုံးတွေ မြင်ဘူးတယ် ကြားဘူးတယ်ဆိုပြီး ပြန်သွားတဲ့


သင်တန်းသားတွေ များကြမှာပါ။ ဆိုလိုတာက ၁၀၀% ရအောင် နားမထောင်နိုင်ဘူး။ အာရုံမစိုက်နိုင်ဘူးလို့
ဆိုလိုတာပါ။ သင်တန်းချိန် (၁)နာရီ ၊ (၁)နာရီခွဲ အတွင်းမှာ မိမိကိုယ်တိုင်က သင်သမျှ ကြားသမျှ ကို ၁၀၀%
စုပ်ယူ၊ လက်ခံယူနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဘို့ပါ။ ဒါပေမဲ သုသေသန လေ့လာစမ်းသပ်ချက်တွေ အရ
အများဆုံး ၃၀% ရာခိုင်းနှုန်းခန့်သာ စုပ်ယူ၊ လက်ခံ(absorb)နိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါက
သင်တန်းအားလုံးမှာ ကြုံတွေ ရတဲ့ ပြဿနာပါ။

နောက်တစ်ချက် လူသားတွေရဲ့ ဦးနှောက်က (၄၅)မိနစ် အလုပ်လုပ်ပြီးရင် အနားပေးဘို့ လိုပါတယ်။


သို့မဟုတ် စုပ်ယူ၊ လက်ခံ(absorb)နိုင်တဲ့ အချိန်ကာလဟာ (၄၅) မိနစ်ပဲဖြစ်တယ်။ (၄၅)မိနစ် နောက်ပိုင်း
တဖြည်းဖြည်း ခေါင်းက စွမ်းအားပြည့် အလုပ်မလုပ်တော့ပါဘူး။ မှတ်နိုင်တဲ့ စဉ်းစားနိုင်တဲ့ စွမ်းရည် ကျဆင်း
လာပါတယ်။ သင်သမျှကို စုပ်ယူ၊ လက်ခံ(absorb)နိုင်ဘို့ ခက်ခဲလာပါတယ်။

အဲဒါကြောင့် စင်ကာပူက သင်တန်းတွေမှာ မနက်ပိုင်း (၉)နာရီက (၁၂)နာရီအတွင်း coffee break


တစ်ကြိမ်နှင့် toilet break တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပေးလေ့ ရှိပါတယ်။ နေလယ် (၁)နာရီက ညနေ (၅) နာရီ
အတွက်လည်း အတူတူပါပဲ။

(၂.၅) ခဏရပ်နား(pause လုပ်)၍ မရခြင်း


သင်တန်းတွေရဲ့ အားနည်းချက်တစ်ခုက သင်ကြားနေခြင်းကို မိမိအတွက် ခဏရပ်နား(pause လုပ်)လို့
မရတာပါ။ အိပ်သာသွားနေလို့ ၊ စိတ်က တခြားရောက်လို့ အာရုံစူးစိုက်လို့ မရလို့၊ မကြားလိုက်လို့ လွတ်သွားတဲ့
အချိန်တွေ သေချာပေါက်ရှိပါတယ်။ အဲဒီအချိန်မှာ စာအုပ်လို ခဏချထားလို့ ၊ VSD လို၊ အင်တာနက်လို့
ခဏနား(pause လုပ်)လို့ မရပါဘူး။ Rewind သို့မဟုတ် play back လုပ်လို့ မရပါဘူး။ ပြန်မလိုက်ရင် ၊
မလိုက်နိုင်ရင် ထာဝရ လက်လွတ် ဆုံးရှုံးမှု (permanent lost) ဖြစ်နိုင်ပါတယ်။

ကျောင်းပြီးခါစ အင်ဂျင်နီယာ တစ်ယောက်ကို သင်တန်းချိန် နာရီ(၃၀) သို့မဟုတ် နာရီ (၅၀) ခန့်


သင်တန်းခန်းထဲ ထည့်လိုက်ပြီး ဥုံဖွလုပ်လိုက်တာနဲ့ M&E ဒီဇိုင်နာ၊ structure ဒီဇိုင်နာ၊ PLC programmer
မဖြစ်နိုင်ပါဘူး။ ဖြစ်လည်း မဖြစ်ပါဘူး။ ဂျုံကို နို့တွေ၊ ကြက်ဥတွေ၊ ဆော်ဒါ တွေနဲ့နယ်ပြီးတော့ မီးဖိုထဲထည့်ပြီး
(၄၅)မိနစ် သို့မဟုတ် တစ်နာရီကြရင် ဘီစကစ်ဖြစ်လာနိုင်ပေမဲ့ သင်တန်းခန်းထဲ နာရီ(၅၀) ထည့်လို့ ဒီဇိုင်နာ
ဖြစ်အောင် လုပ်လို့ မရပါဘူး။

(၂.၆) သင်တန်းပျက်ခြင်း သို့မဟုတ် သင်တန်းချိန်မပြည့်ခြင်း


နောက်တစ်မျိုးက သင်တန်းပျက်တာ သို့မဟုတ် သင်တန်းချိန်မပြည့်တာပါ။ ပညာရပ်တစ်ခုလေ့လာတဲ့အခါ
အရင်ဆုံး သင်ထားရမဲ့ အချက်အလက်တွေ၊ နောက်မှ သင်ရမဲ့ အချက်တွေ၊ ပြိုင်တူသင်ရမဲ့ အချက်တွေ
ရှိပါတယ်။ သင်တန်းမှာ ပို့ချတဲ့အခါ အဲဒါတွေကို အချိန်နဲ့ကိုက်အောင် ပြင်ဆင်ထား ခြွဲ ခားထားရပါတယ်။
သင်တန်းသားက သင်တန်းပျက်ခြင်းကြောင့် ဘာအကြောင်းအရာတွေ သင်မှန်း မသိလောက်အောင်
ဖြစ်သွားနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဥပမာ- အခန်း(၂)သင်တဲ့နေ့တုန်းက သင်တန်းပျက်တော့ အခန်း(၃) နားမလည်ပါဘူး။ အခန်း(၃)
နားမလည်တော့ အခန်း(၄)က ဘာတွေလဲ မသိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အစကတည်းက တောက်လျောက် သင်တန်းချိန် အားလုံး မတတ်နိုင်ဘူး။ အချိန်မရဘူး။ သင်တန်းပျက်ဘို့


အခြေအနေရှိတယ်ဆိုရင် သင်တန်းကြေးမသွင်းခင် အသေအချာ စဉ်းစားပါ။

1-12
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

သင်တန်းတတ်တာ တရားအားထုတ် သလိုမဟုတ်ပါဘူး။ တရားအားထုတ်တာ၊ ဘုရားဝတ်တတ်တာ၊


ဘုရားစာရွတ်တာက တစ်နာရီလုပ်ရင် တစ်နာရီစာကုသိုလ်ရတယ် အကျိုးဖြစ်တယ်။ (၅)မိနစ်လုပ်ရင် (၅)မိနစ်စာ
ကုသိုလ်ရတယ် အကျိုးဖြစ်တယ်။ ကုသိုလ်စိတ်ဖြစ်နေရုံပဲ။

သင်တန်းက အစပိုင်း (၂)ချိန်လောက်ပျက်ရင် ကျန်တဲ့ အချိန်တွေက သိပ်အကျိုးမရှိတော့ဘူး။ တစ်ချို့


သင်တန်းတွေဆို ဆက်တက်နေဘို့တောင် မလိုတော့ပါဘူး။ ဘာမှ ဆက်လုပ်လို့မရလို့ပါ။ ဥပမာ- thermal
simulation software ဆို ပထမအဆင့် လုပ်တတ်မှ ဒုတိယအဆင့် ဆက်သင်လို့ရတာပါ။

နောက်ပိုင်းတွေ ဆက်လက်သင်ကြားနိုင်ရန် ၊ အကျိုး ရှိရန် အတွက် စာပြန်လိုက်(catch up ပြန်လုပ်)ရပါတယ်။


မသိလို့ မတတ်လို့ သွားတတ်ပါတယ်။ ဘယ်လိုနည်းနဲ့ catch up ပြန်လုပ်ရမလဲ။ ကိုယ်နဲ့ အတူသင်တန်းလိုက်တဲ့
သင်တန်းဖော်ကလည်း ပြန်မသင်ပေးတတ်။ သူက သင်ပေးတတ်ရင် သင်တန်းမတတ်ဘဲ သူကို သင်တန်းကြေး
တစ်ဝက်ပေးပြီးတော့ ပြန်သင်လိုက်ရုံပဲ။ သင်တန်းတောင် တတ်နေစရာမလိုဘူး။

(၂.၇) ဆရာနှင့် တပည့် ကီးမကိုက်ခြင်း(သဟဇာမဖြစ်ခြင်း)


မြန်မာနိုင်ငံက သင်တန်းတွေမှာ မြန်မာဆရာက မြန်မာလိုပြောပြီးတော့ မြန်မာ ဘာသာ lecture note
သို့မဟုတ် English lecture note နဲ့ သင်ကြားလို့ ဆရာနှင့်တပည့် ကီးမကိုက်တာ သိပ်မဖြစ်နိုင်ပါ။
ကိုယ်တိုင်ကြုံခဲ့ဘူးတာက ပြည်ကြီးတရုပ် ပရော်ဖက်ဆာက အင်္ဂလိပ်စကားကို တရုပ်လိုတွေပြီးတော့
ကြိုးစား ပမ်းစား တရုပ် အသံထွက် အတိုင်းပြောတာကို လိုက်နားထောင်ခဲ့ဘူးတဲ့ အတွေ့အကြုံပါ။ လက်ချာ
(lecture) (၃)ချိန်ကျော်မှ အဲဒီဆရာနဲ့ အဆင်ပြေသွားတယ်။ တော်သေးတာပေါ့ lecture note ကိုကြည့်ပြီး
ဘာအကြောင်းပြောနေတာလဲဆိုတာ ခန့်မှန်းလို့ ရလို့။ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေကို တော်တော်
ရင်းရင်းနှီးနှီးသိထားလို့ ။ သင်တန်းမတတ်ခင်ထဲက ဘာသာရပ်ကို အကြမ်းဖျဉ်း တီးမိခေါက်မိ သဘော
ပေါက်အောင် လေ့လာထားလို့။
မြန်မာဆရာက မြန်မာလိုပြောပေမဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရ(technical term)အသစ်တွေကို
နားလည်ဘို့က ကိုယ်ဖာသာ ကြိုးစားရတာပါ။ TU တွေ အမျိုးမျိုးကနေ တစ်ပုံစံတည်းထွက်အောင်
သင်ပေးလိုက်ဘို့ မဖြစ်နိုင်တော့ ဆရာနှင့်တပည့် ကီးမကိုက်တာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်တန်း
(၂)ချိန်လောက် တတ်ပြီးတော့မှ သင်တန်း ဆရာသင်တဲ့ပုံစံက ကိုယ်နဲ့ ကီးမကိုက်ရင် သိပ်အကျိုးမရှိနိုင်တော့ပါ။

(၂.၈) Teaching facility/environment


တချို့သင်တန်းများ၏ teaching facility/environment သည် လက်ခံနိုင်သည့် အဆင့်ထက် နိမ့်နေခြင်းမျိုး
ကြုံတွေ့နိုင်သည်။ ထိုအခြေအနေကို လက်ခံနိုင်သည့် အခြေအနေသို့ရောက်အောင် ပြောင်းလဲရန် မဖြစ်နိုင်သည့်
အခြေအနေမျိုးနှင့် ကြုံတွေ့ ရနိုင်သည်။
ဥပမာ- အလင်းရောင် မလုံလောက်ခြင်း၊ လူများ၍ ပူအိုက်ခြင်း၊ ခန္ဓာကိုယ် ဝသူအတွက် ထိုင်ခုံနှင့် စာရေးခုံ
ကျဉ်းလွန်းခြင်း။
စာအုပ်ဖတ်ခြင်း၊ VCD ဖြင့် လေ့လာခြင်းများတွင် ထိုအခြေအနေဆိုးများကို ရှောင်လန
ွဲိုင်သည်။
မိမိနှစ်သက်သည့်ပတ်ဝန်ကျင်ကောင်းကို ရွေးချယ်နိုင်သောကြောင့်ဖြစ်သည်။

(၂.၉) စိတ်ဝင်စားသည့် ဘာသာရပ် နှင့် သင်တန်းဖွင့်သည့် ဘာသာရပ်

1-13
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

Renewable energy ဘာသာရပ်ဖြစ်သည့် နေစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ထုတ်ယူသည့် စနစ်(Photovoltaic


solar energy system) အကြောင်းလေ့လာလိုလျှင် သင်တန်းတတ်ရန် ဖြစ်နိုင်ခြေ နည်းသည်။ သင်တန်းရှိ မရှိ
မသေချာပါ။ သင်တန်းမရှိသောကြောင့် မိမိဖာသာ ဖတ်ရှုလေ့လာရသည်။ Industrial refrigeration
သင်တန်းမျိုး မရှိနိုင်ပါ။

မြန်မာနိုင်ငံတွင် M&E ၊ ACMV ၊ Auto CAD ၊ PLC စသည့် ဘာသာရပ်များအတွက်သာ သင်တန်းများ


ရှိသောကြောင့် ထိုဘာသာရပ်များအနက်မှ သင်တန်းတစ်မျိုးမျိုးကို တက်ရောက်၍ အလုပ်ရှာဖွေသူများသည်။
မိမိ စိတ်ဝင်စားမှုကို ဦးစားပေး ရွေးချယ်လေ့ မရှိကြပေ။ စိတ်ဝင်စားသည့် ဘာသာရပ်ကို သင်တန်း
တတ်ခွင့်ရသူများကို ကံကောင်းသည်ဟု ဆိုနိုင်သည်။

စဉ်းစားဘို့ အချက်တစ်ခုမှာ အများစုက M&E ၊ ACMV ၊ Auto CAD သင်တန်းတွေ တတ်ကြတော့


ကျောင်းပြီးခါစ အင်ဂျင်နီယာတိုင်းလိုလိုမှာ certificate တွေရှိကြတယ်။ အဲဒီတော့ အလုပ်ရွေးမဲ့သူအတွက်
ဘယ်ကမှ ဘယ်သူထက်ပိုပြီး မသာနေဘူး။ တစ်နည်းအားဖြင့် ဘယ်သူမှာမှ competitive edge မရှိဘူး။
အတူတူနဲ့ အနူနူပဲလို အလုပ်ရှင်တွေက မှတ်ယူထားကြတယ်။ တတ်အောင် သင်ဘို့လည်း မကြိုးစား
သူများထက် ပိုတတ်ကြောင်းလည်း မပြနိုင်တဲ့အတွက် အကျိုး မခံစားရတာပါပဲ။ သင်တန်းတစ်မျိုးတည်း အများစု
ဝိုင်းတက်ခြင်းရဲ့ side effect ပါ။

သင်တန်းတွေကတော့ တက်မဲ့လူရှိရင် ဖွင့်မှာပါပဲ။ တက်မဲ့လူပိုများရင် သင်တန်းတွေတောင် နေရာ ခြွဲ ပီးတော့


ဖွင့်ပါလိမ့်အုံးမယ်။

(၂.၁၀) ရန်ကုန်နှင့် မန္တလေးမြို့များ၌သာ သင်တန်းရှိခြင်း


နယ်မြို့များတွင် နေထိုင်သူများအတွက် သင်တန်းတတ်ရန် ကုန်ကျစရိတ် ပိုများသည်။
အဆင်မပြေမှုများ ရှိနိုင်သည်။ နှစ်ပိတ်ခန့် တစ်နေ့လျင် သင်တန်း (၂) နာရီတက်ရန် ရန်ကုန်တွင် နှစ်ပတ်
နေထိုင်ရသည်။
ထို့ကြောင့် နယ်မြို့များတွင် နေထိုင်သူများအတွက် နည်းပညာ စာအုပ်ဖတ်ခြင်း၊ VCD ဖြင့်
လေ့လာခြင်းများ ပြုလုပ်နိုင် သင့်လျော်သည်ဟု ဆိုနိုင်သည်။

(၂.၁၁) တကယ်တတ်မြောက်၍ အလုပ်ရခြင်းပါ။


“တကယ်တတ်၍ အလုပ်ရခြင်းပါ။ သင်တန်းတတ်ခြင်း၊ သင်တန်းလက်မှတ် ပြနိုင်ခြင်းကြောင့် အလုပ်ရခြင်း
မဟုတ်ပါ။”
အထူးသဖြင့် စင်ကာပူလို နိုင်ငံအတွက် သူနိုင်ငံက လက်မှတ်(certificate)မဟုတ်ရင် တခြားသော
နိုင်ငံများမှ လက်မှတ်(certificate)ကို သိပ်နားမလည်ကြပါ။ စင်ကာပူနိုင်ငံမှာတောင် Singapore Certified
Energy Manager (SCEM) အတွက် သင်တန်းကုမ္ပဏီ(training provide company) သုံးခု ရှိသည်။ SCEM
တစ်မျိုးတည်း အတွက်ပါ။ Safety training လက်မှတ်ဆိုရင်တော့ သင်တန်းကုမ္ပဏီ(training provide
company) အများကြီးပဲ။ ဘယ်သူ မှလည်း သင်တန်းကုမ္ပဏီ(training provide company)တွေကို မမှတ်မိဘူး။
သင်တန်းဆရာတွေကလည်း ထွက်လိုက်ဝင်လိုက် အမြဲပြောင်းနေတာ။ အဲတော့ လက်မှတ်ကို ကြည့်ပြီး
ဆုံးဖြတ်တာထက် တကယ် တတ် မတတ်မေးကြည့်တဲ့ နည်းကိုပဲ သုံးကြရတာပါ။

ဒုတိယ အချက် ဟိုသင်တန်းက ဘယ်သူအလုပ်ရတယ်။ ဒီသင်တန်းက ဘယ်သူအလုပ်ရတယ်လို့


ပြောနေကြတာရဲ့ အခြေခံအကြောင်းအရင်းက အလုပ်ရတဲ့သူက အမှန်တကယ် တတ်မြောက်လို့
အလုပ်ရသွားတာပါ။ အင်တာဗျူးတဲ့ အချိန်မှာ တကယ် လုပ်နိုင်ကိုင်နိုင် လုပ်တတ်ကိုင် တတ်တယ်ဆိုတဲ့
impression မျိုး အလုပ်ရှင် သို့မဟုတ် မန်နေဂျာက ထင်သွားလို့ အလုပ်ရတာပါ။
1-14
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

တကယ်ခိုင်းကြည့်တော့လည်း လုပ်နိုင်လို့ အလုပ်ဆက်မြဲတာပါ။ အလုပ်ထဲရောက်ပြီးမှ


အလုပ်မမြဲတာတွေ ၊ အခြားအလုပ်ကို အမြန်ပြောင်း ရှာရင်းနဲ့ အလုပ် (၃) ခု၊ (၄)ခု ပြောင်းသွားရတာတွေကို
ဘယ်သူမှ မကြေငြာပါဘူး။ ဘယ်သူကမှာလည်း လာပြောမှာ မဟုတ်ပါဘူး။

သင်တန်းတတ်ခြင်းက ဘာသာရပ်တစ်ခု တတ်မြောက်စေဘို့ အကြောင်းတရားပါ။ အဓိက အချက်က


မိမိဘာသာ တတ်မြောက်အောင် ကြိုးစားရတာပါ။ လက်မှတ်(certificate) ရဘို့ မဟုတ်ပါဘူး။

နည်းပညာစာအုပ်များ ဖတ်ရှုခြင်း အကြောင်းကို ဆက်လက် ရေးသားပြီး တစ်ပတ်အတွင်း post လုပ်ပါမည်။

ကောင်းထက်ညွန့်
၃၀-၀၉-၂၀၁၆

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို သင်ယူ လေ့လာခြင်း (အပိုင်း-၂)

လေ့လာနည်းတစ်မျိုးဆီ၌ အားသာချက်များနှင့် အားနည်းချက်များ ကိုယ်စီ ရှိကြသည်။ လေ့လာလိုသည့်


နည်းပညာ ဘာသာရပ် အမျိုးအစားအပေါ်၌လည်း မူတည်သည်။ လေ့လာလိုသည့်နည်းပညာ ဘာသာရပ်၏
အတိမ်အနက် အပေါ်၌လည်း မူတည်သည်။ လေ့လာသူ၏ အခြေခံ အရည်အချင်း၊ စာဖတ်အား၊ အတတ်
ပညာတစ်ခုကို ချည်းကပ်ပုံ ချည်းကပ်နည်း၊ အလေ့အကျင့်၊ လေ့လာတတ်ပုံကို အပေါ်၌လည်း မူတည်သည်။

လေ့လာသူ၏ အခြေခံ ပညာအရည်အချင်း သိပ်မမြင့်မားလျှင် ခက်ခဲသည့်နည်းပညာများကို နက်နက်နဲနဲ


လေ့လာနိုင်လိမ့်မည်မဟုတ်ပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု မရှိလျှင် တစ်ချို့သော ဘာသာရပ်များကို သင်ကြားရန်
လေ့ကျင့်ရန် မဖြစ်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် တစ်ချို့သော ဘာသာရပ်များကို လေ့လာရန်အတွက်
အင်္ဂလိပ်စာအုပ်များသာ ရှိပါသည်။ သင်တန်းများများ မရှိပါ။ ဥပမာ- Industrial refrigeration , artificial
intelligence computer programming

တချို့သောသူများသည် စာဖတ်အားကောင်းသည့် အလေ့အကျင့်ရှိသောကြောင့် နည်းပညာစာအုပ်ကို


လုံးဝ နားလည်သည့် အထိ စိတ်ကြိုက် အခေါက်ခေါက် ဖတ်ရှုရခြင်းကို ဝါသနာပါကြသည်။

တစ်ချို့သောသူများသည် တစ်ခေါက်ပြလိုက်ရုံဖြင့် အချိန်တိုအတွင် ကျွမ်းကျင်စွာ လျင်မြန်စွာ လုပ်ကိုင်


နိုင်သည့် မွေးရာပါ အရည်အချင်းနှင့် ပြည့်စုံသည်။ ထိုသူများသည် အနောက်တိုင်း အစားအစာချက်ပြုတ်ခြင်း၊
ပန်းအလှပြင်ခြင်း၊ ဆံပင်မိတ်ကပ် အလှပြင်ခြင်းလုပ်ငန်းများ၊ ကို အလွယ်တကူ တတ်မြောက်နိုင်သည်။

လေ့လာလိုသည့်နည်းပညာ ဘာသာရပ်၏ အတိမ်အနက် အမျိုးအမျိုးကြွဲ ပားသည်။ Drafter အလုပ်မှ


နယူကလီးယားဓာတ်အားပေးစက်ရုံ ဒီဇိုင်းလုပ်သည့်အထိ ဘာသာရပ်၏ အတိမ်အနက် ကျယ်ပြန့်နိုင်သည်။ မိမိ
လေ့လာလိုသည့် ပညာရပ်၏ အတိမ်အနက်သည် မိမိလက်ရှိ အခြေအနေ မိမိပင်ကိုယ်စရိုက်နှင့် ကိုက်ညီရန်
လိုသည်။ တစ်နည်းအားဖြင့် လက်လှမ်းမှီနိုင်သည့် အဆင့်မှ မိမိအလိုရှိသည့်အဆင့်သို့ ရောက်အောင်
တဆင့်ခြင်း တက်လှမ်းရသည်။

တတ်မြောက်လိုသည့် ပန်းတိုင်လည်း အမျိုးအမျိုးကြွဲ ပားသည်။ ဥပမာ- တူရိယာ(musical


instrument)များ တီးမှုတ်ရာတွင် ဝါသနာရှင် အဆင့် သို့မဟုတ် ထိပ်တန်းကျွမ်းကျင်သူအဆင့်(pro အဆင့်)
အထိ တတ်မြောက်လိုခြင်း
မိမိအခြေအနေကို မှန်ကန်စွာသုံးသပ်ပြီး မိမိတတ်မြောက်လိုသည့် အဆင့်သို့ရောက်နိုင်မည့်
အသင့်လျော်ဆုံးနည်းကို ရှာဖွေနိုင်ပြီး အချိန်တိုအတွင်း လေ့လာတတ်မြောက်နိုင်ပါစေ။

1-15
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

အပိုင်း(၃) ဆက်ရန်

Blue Ocean (ပင်လယ်ပြာ)


(အလုပ်ရှာနေသည့် အင်ယာလောင်းများအတွက်)

စီးပွားရေးလောကမှာ ဈေးကွက်တွေ၊ လုပ်ငန်းတွေရဲ့ အကျိုးအမြတ်များနိုင်မှုကို Blue Ocean


(ပင်လယ်ပြာ) ဆိုပြီးတော့ ပြောဆိုလေ့ ရှိပါတယ်။ Blue Ocean (ပင်လယ်ပြာ) ဆိုတာက ပြိုင်ဘက် မရှိတဲ့
ဈေးကွက် သို့မဟုတ် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်စရာ မလိုတဲ့ ဈေးကွက်၊ လုပ်ငန်းကွက်တွေကို ဆိုလိုတာပါ။
ကာလကြာရှည်သည့်တိုင်အောင် အကျိုးအမြတ်များမည့် ဈေးကွက်တွေ၊ လုပ်ငန်းတွေပါ။ တစ်နည်းပြောရရင်
ဘယ်သူမှမှ မစားရသေးတဲ့ စားကျက်သစ်ပေါ့။

သူရဲ့ဆန့်ကျင်ဘက် red ocean လို့ဆိုရပါမယ်။ ကုန်သည်တွေ၊ ကုမ္ပဏီတွေ အချင်းချင်း


ရပ်တည်ရှင်သန်နိုင်ဘို့ အပြိုင်အဆိုင် တိုက်ခိုက်နေကြပြီး သွေးအလိမ်းလိမ်းထွက်နေတဲ့ ပင်လယ်(red ocean)
သို့မဟုတ် စားကျက်ပျက်ပေါ့။ ငယ်ငယ်တုန်းက သင်ရတဲ့ ဦးနာအောက်ပိုင်တဲ့ သင်္ဘောလုပ်ငန်းတွေက red
ocean ရဲ့ ဥပမာပါ။ ဦးနာအောက်က သူရှုံးနေတာမခံနိုင်တော့လို့ သူ့ သင်္ဘောတွေ ရောင်းလိုက်ရတယ်။
သူပြိုင်ဘက် အင်္ဂလိပ် ကုမ္ပဏီလည်း တော်တော် အရှုံးထွက်သွားတယ်။ (နောက်မှ အမြတ်ပြန်ရကောင်း
ရနိုင်ပါလိမ့်မယ်။)

ကျောင်းပြီးခါစ အင်ဂျင်နီယာလောင်းတွေကိုလည်း မိမိ ပတ်ဝန်းကျင်၊ မိမိ ဈေးကွက်ကို Blue Ocean


(ပင်လယ်ပြာ) ဖြစ်အောင် လုပ်မှာလား? Red Ocean ဖြစ်အောင်လုပ်မှာလား ဆိုတဲ့မေးခွန်း မေးရမလိုဖြစ်နေပြီ။

Mechanical သို့မဟုတ် electrical နဲ့ကျောင်းပြီးတဲ့သူတွေ အားလုံး M&E အလုပ်ပဲ ဝိုင်းလျှောက်နေရင်


၊ M&E အလုပ်အတွက်ပဲ ပြင်ဆင်ထားရင် Red Ocean ဖြစ်အောင်လုပ်နေတယ်လို့ ပြောလို့ရပါတယ်။ နောက်လာ
လျှောက်တဲ့ အင်ဂျင်နီယာလောင်းအားလုံးက M&E တတ်တယ်ပြောပြီး အလုပ်တစ်ခုကို လူ (၅၀)လောက်
ပြိုင်လျှောက်ရတဲ့ ဘဝမျိုးရောက်အောင် ကိုယ်ဖာသာ ဖန်တီးလိုက်ကြတာပါ။ အခုခေတ်လူငယ်တွေ
အလုပ်မရတဲ့ အကြောင်းတွေထဲက အကြောင်းတစ်ခုပါ။ M&E ကိုပဲ ဝိုင်းပြုံပြီးတော့ အာရုံစိုက်နေတော့ တခြား
အလုပ်ကောင်းတွေ လွခ
ဲ့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်မှာ မိမိကိုယ် မိမိ M&E မဟုတ်ဘဲ အထူးပြုနယ်ပယ်(Specialist field)တစ်ခုခုမှ


ကျွမ်းကျင်သူ ဖြစ်အောင် ပြင်ဆင်ထားမယ်ဆိုရင် Blue Ocean ထဲရောက်နေတာပါ။ အချိန် မကြာခင် (sooner
or later)လစာကောင်းပြီး အခွင့်အလမ်းများတဲ့ အလုပ်တစ်ခုရမှာပါ။

အခုအချိန်မှာ မြန်မာဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကုမ္ပဏီတွေက အင်ဂျင်နီယာတစ်ယောက်ကို


construction work / civil work ကလွလ
ဲို့ ကျန်တာတွေ အားလုံး(ရေ၊ မီး၊ air con ၊ P&S) ခိုင်းလို့ရအောင်
M&E နာမည်တပ်ထားတဲ့ ကျွမ်းကျင်မှုနည်းတဲ့ အင်ဂျင်နီယာတွေကို ရှာပြီးတော့ ခန့်နေကြလို့ပါ။ ကုမ္ပဏီတွေရဲ့
နားမလည်မှုက M&E လို့ခေါ်ခန့်ရင် အားလုံးခိုင်းလို့ရပေမဲ့ ဘယ် building service ကိုမှ စိတ်ချလက်ချ ခိုင်းလို့
မရနိုင်ဘူးဆိုတာ မသိကြတာပါ။ အဲတော့ project delay ဖြစ်နိုင်တယ်။ ပိုကြာနိုင်တယ်။ ပိုကုန်ကျစရိတ်
များနိုင်တယ်။ Specialist ကို နည်းနည်းပိုပေးပြီး တခြား building service လည်းခိုင်းလို့ ရတယ်လို့ ကုမ္ပဏီ
သက်တမ်းကြာရင် သိလာပါလိမ့်မယ်။

နိုင်ငံတကာ အဆင့်မီ အကြီးစား အဆောက်အအုံတွေ ဆောက်တဲ့အခါ specialist တွေ အများကြီး


လိုအပ်ပါတယ်။

M&E အောက်မှာ building service (၁၀)မျိုးကျော် ရှိပါတယ်။ အားလုံးကို အကြမ်းဖျဉ်း


သိအောင်လုပ်ရတော့ ဘယ် building service မှာမှ ထူးချွန်စွာ သိတဲ့သူ မဖြစ်နိုင်ပါဘူး။ ရေတွင်းငယ်လေးတွေ
1-16
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

အများကြီးလိုက်တူးနေတော့ ရေထွက်တဲ့တွင်း တစ်တွင်းရဘို့ တော်တော်စောင့်ရမှာပါ။ တူးခ၊ လုပ်ခတော့


ရမှာပေါ့။

ဘယ်နယ်ပယ်(field)ကို လေ့လာရမလဲလို့မေးရင် ကိုယ်ဝါသနာပါတဲ့ field ကိုလေ့လာပါ။ အဲဒီ field


ထဲကို သည်းခံပြီး ရအောင်ဝင်ပါ။ ဥပမာ- Fire နဲ့ ခန့်ထားတဲ့လူကို Fire ပဲ အဓိက ထားပြီး ခိုင်းကြတာပါ။(အခု
မခိုင်းတောင် နောက်ဖြစ်လာမှာ သေချာပါတယ်။) တခြားဟာတွေပါ နည်းနည်းတွက
ဲိုင်ပေးရတာမျိုးလောက်တော့
ရှိနိုင်ပါတယ်။

အဲဒီတော့ ကြိုက်တဲ့ ပင်လယ်ကို ရွေးချယ်နိုင်ပါတယ်။ Blue Ocean တွေ့ရင် ပျော်ရွင်စွာ ကူးခပ်နိုင်ပြီး ၊


Red Ocean နဲ့ တွေ့ရင်လည်း ရှင်သန်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း …..

ကောင်းထက်ညွန့်
၁၄-၁၀-၂၀၁၆

အင်ဂျင်နီယာ အလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းမည့်သူများ စဉ်းစားရန်


(ကျောင်းတက်နေသူများနှင့် ကျောင်းပြီးခါစသူများ)

အချက်အလက်များအားလုံး အတိအကျ မသိ၍ ခန့်မှန်းတွက်ချက်ထားသည်။

ပထမဦးစွာ အင်ဂျင်နီယာအလုပ် စတင်မလုပ်ကိုင်ခင် မိမိဘာသာ မဖြစ်မနေ တွက်ချက်ရမည့် အလုပ်ဖြစ်သည်။


မေဂျာအားလုံးအတွက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် TU ပေါင်းမည်မျှ ရှိသနည်း။ စာသင်နှစ် တစ်နှစ်လျှင် TU တစ်ကျောင်းမှ မိမိနှင့်


ဘာသာတူ အင်ဂျင်နီယာကျောင်းဆင်း မည်မျှ ထွက်နိုင်သနည်း။

ဥပမာ- TU ကျောင်းစုစုပေါင်း (၂၉) ကျောင်း(COE နှစ်ကျောင်းမပါ)ရှိသည်။ စာသင်နှစ် တစ်နှစ်လျှင်


စက်မှု အင်ဂျင်နီယာအယောက် ၅၀ ခန့် ကျောင်းပြီးနိုင်သည်။

ထို့ကြောင့် စာသင်နှစ် တစ်နှစ်လျင် စက်မှု အင်ဂျင်နီယာအယောက် (၁၅၀၀) ထွက်လာနိုင်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ထွက်လာမည့် စက်မှုအင်ဂျင်နီယာ အယောက် (၁၅၀၀) အတွက် အင်ဂျင်နီယာ


အလုပ်အသစ်(၁၅၀၀) ဖန်တီးနိုင်ပါမည်လော။ တစ်နှစ်လျှင် အင်ဂျင်နီယာ အလုပ်အကိုင်မှ ရပ်နားသူများ
ရှိနိုင်သော်လည်း အယောက် (၁၀၀) မရှိနိုင်ပါ။

စက်မှုအင်ဂျင်နီယာ အလုပ် အသစ် နှစ်စဉ် တိုးရန် မဖြစ်နိုင်ပါ။ ဥပမာ - စာရွက်ပေါ်တွင် drawing


ဆွလ
ျှဲင် လူများစွာလိုသည်။ Auto CAD ဖြင့် ဆွလ
ျှဲင် လူအနည်းငယ်သာ လိုသည်။

မိမိနှင့် အတန်းတူ စက်မှုအင်ဂျင်နီယာများ အနက် မိမိအလုပ်ရရန် မိမိသည် သူများထက်


အလုပ်များများ နှင့် မြန်မြန် ထိရောက်စွာ လုပ်လုပ်နိုင် ရန်လိုသည်။ မိမိလုပ်နိုင်ကြောင်းကိုလည်း ပြသနိုင်ရန်
လိုအပ်သည်။ သို့မှာသာ အလုပ်ရရှိနိုင်မည့် အခွင့်အရေး ပိုကောင်းနိုင်ပါလိမ့်မည်။

ကောင်းထက်ညွန့်
၁၄-၁၀-၂၀၁၆

အင်ဂျင်နီယာ လုပ်ငန်းခွင်နှင့် သက်ဆိုင်သော စာစုများ

1-17
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

အင်ဂျင်နီယာ နှင့် တင်ဒါ(tender)

(သင်က အင်ဂျင်နီယာဆိုရင် အနာဂါတ်မှ လုပ်ရမဲ့အလုပ်၊ သင်က မန်နေဂျာ၊ ကုမ္မဏီပိုင်ရှင်ဆို အခု စတင်


ရတော့မဲ့ နည်းလမ်းကောင်းပါ။)

Air con system တစ်ခု (chilled water system ပဲဖြစ်ဖြစ်၊ VRV system ပဲဖြစ်ဖြစ်၊ သာမာန် split
unit တွေပါဝင်တဲ့ DX system ပဲဖြစ်ဖြစ်) တပ်ဆင်ဘို့ တင်ဒါ(tender)တင် တဲ့အခါ သို့မဟုတ် quotation
ပေးတဲ့အခါမှာ ကိုယ် ဒီဇိုင်းက ကောင်းကောင်းအလုပ်လုပ်နေရုံ ၊ တပ်ဆင်တတ်ရုံ နဲ့ အပြင်မှာ လုပ်စားဘို့
အဆင်မပြေနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ် ဒီဇိုင်းနဲ့ ကိုယ်အဖွဲ့က တပ်ဆင်လိုက်တဲ့ ကုန်ကျစရိတ်က
တခြားအဖွဲ့ ထက် မနည်းရင် တောင် တန်းတူဖြစ်နေဘို့ လိုပါတယ်။

အဲလို ကုန်ကျစရိတ် မများစေရန်အတွက် မိမိ ကုမ္ပဏီ သို့မဟုတ် မိမိ အဖွဲ့ မှာ အတွေ့အကြုံကောင်းတွေ
(experience)၊ နည်းလမ်းကောင်းတွေ (method)၊ အလေ့အကျင့်ကောင်းတွေ(best business practice)၊
စွမ်းဆောင်ရည်(capacity) ရှိဘို့ လိုပါတယ်။

တင်ဒါ(tender)တင်တဲ့ အခါမှာ အဲဒီ အချက်တွေကို မိမိ ကုမ္ပဏီ သို့မဟုတ် မိမိ အဖွဲ့ မှ


ဘယ်လောက်ရှိကြောင်း ဖော်ပြနိုင်ကြိုးစားသင့်ပါတယ်။

တင်ဒါ(tender) ရွေးချယ်သူတွေ ၊ ပေးဘို့ ဆုံးဖြတ်သူတွေကလည်း ဈေးနှုန်းတစ်ခုတည်းသာ


မကြည့်ဘဲ မိမိ award လုပ်မဲ့ ကုမ္ပဏီ၏ အရည်အချင်းတွေကိုလည်း လေ့လာ နှိုင်ယှဉ်သင့်ပါတယ်။ (ရာခိုင်နှုန်း
ပိုများများပေးတဲ့ ကို award လုပ်တာမျိုး မဖြစ်သင့်ပါဘူ။ နောက်တချိန်မှာ အဲလို လာဘ်စားတာမျိုးတွေလည်း
ရှိတော့မှာ မဟုတ်ပါဘူး။) သတိပြုရမည့် အချက်က တစ်ယောက်ချင်းရဲ့ စွမ်းဆောင်ရည်က အဖွ့ရ
ဲ့
စွမ်းဆောင်ရည်နဲ့ မတူညီပါ။

တင်ဒါ(tender) အောင်ဘို့ ၊ ရဘို့ဆိုတာ ပါသင့်တဲ့ ပစ္စည်းတွေ၊ equipment နှင့် device တွေ၊


ပိုက်တွေ၊ duct တွေ၊ ဘေဘယ်ကြိုးတွေ ရဲ့ အရေအတွက်ကို အတိအကျ တိုင်းနိုင်၊ ကောက်ယူနိုင်ခြင်းနှင့်
ဈေးအပေါဆုံးပစ္စည်းတွေ ရှာဖွေနိုင်ခြင်း၊ အမြတ်နည်းဆုံးတင်ခြင်း၊ အလုပ်သမား၊ အင်ယာကုန်ကျစရိတ်တွေ
လျော့နိုင်သမျှ လျော့ချပြီး တင်ဒါ(tender)တင်တဲ့ အလုပ်ပုံစံမျိုးက ကုမ္ပဏီ အားလုံ အလွယ်တကူ လုပ်လို့ ရတဲ့
၊ လုပ်တတ်တဲ့ အလုပ်မျိုးပါ။ အဲ့ဒါမျိုးတွေ လုပ်ပြီးတော့ ကုမ္ပဏီ တစ်ခု ရေရှည်ရပ်တည်နိုင်ဘို့ မလွယ်ကူပါ။
တင်ဒါ(tender)တိုင်းဟာ တစ်ခုနဲ့ တစ်ခါမတူပါ။ ဒါကြောင့် innovative နည်းလမ်းကောင်းတွေ ရှာဖွေကြံဆပြီး
သူများတွေ propose မလုပ်တဲ့ နည်း၊ မလုပ်တဲ့ ပုံစံမျိုးတွေက လေ့လာပြီး တင်ဒါ(tender) တင်ဘို့ လေ့ကျင့်ခန်း
(exercise) အဖြစ် လုပ်သင့်ပါတယ်။

တင်ဒါ(tender)တင်မဲ့ အဖွဲ့ ထဲမှာပါတဲ့ အင်ဂျင်နီယာတွေကို လည်း နည်းလမ်းကောင်းတွေ တွေးကြ


ကြံကြဘို့ ချော့မော့အားပေး(persuade) သို့မဟုတ် ဖိအား(pressure) ပေးပြီးတော့ မောင်းနှင်သင့်ပါတယ်။
ချက်ချင်းတော့ ဘယ်အဖွဲ့ အစည်း ဘယ် ကုမ္ပဏီ ကမှာ လည်းလမ်းကောင်းတွေ အလိုအလျောက် ထွက်လာမှာ
မဟုတ်ပါဘူး ။ ဒါပေမဲ့ ငါတို့ ကုမ္ပဏီ ရေရှည် ရပ်တည်ဘို့ ဒါလိုမျိုး brainstorm လုပ်တာတွေ၊ နည်းလမ်း
ကောင်းများကို အဆက်မပြတ်ရှာဖွေတာတွေက မဖြစ်မနေ လုပ်နေကြမယ်ဆိုတာ ခံယူထားလိုက်ရင် လူရဲ့
မသိစိတ်က သူအလိုလို နည်းလမ်းတွေက ရှာဖွေ ကြံဆကြပါလိမ့်မယ်။ နည်းလမ်းကောင်းဖြစ်တယ် မဖြစ်ဘူး၊
အသုံးဝင်တယ် မဝင်ဘူးဆိုတာက နောက်ထပ် တက်ရမဲ့အဆင့် တစ်ဆင့်ပါ။

အဲဒီလို နည်းလမ်ကောင်းတွေကို စတင်စဉ်းစားလာတာနဲ့ တစ်ပြိုက်နက် ၊ ရလာတာနဲ့ တစ်ပြိုက်နက်


နည်းလမ်းကောင်းဖြစ်တယ် မဖြစ်ဘူးဆိုတာကို တစ်ဖွဲ့လုံးက ဝိုင်းဝန်းစဉ်းစား ဆုံဖြတ်ကြရမှာပါ။

1-18
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

အတွေ့အကြုံကောင်း(experience) များများ ရှိတဲ့ အင်ဂျင်နီယာ သို့မဟုတ် အဖွဲ့ အစည်းတွေက


အသုံးဝင်တဲ့ ၊ လုပ်လို့ ရတဲ့ နည်းလမ်းကောင်းတွေကို အချိန်တိုတိုအတွင်းမှာ ချက်ချင်းနီးပါး ရှာဖွေ နိုင်စွမ်း
ရှိကြတယ်။

ပြီးခဲ့ တင်ဒါ(tender)က အတွေ့အကြုံ(experience)တွေ ဖလှယ်ခြင်း၊ ရလဒ်ကို ပြန်လည်သုံးသပ်ခြင်း၊


ဘာကြောင့် ဘယ်လို အားသာချက်တွေကြောင့် ဒီ တင်ဒါ(tender)ကို ငါတို့ ရခဲ့တာ သို့မဟုတ် ဘာကြောင့်
ဘယ်လို အားသာချက်တွေကြောင့် ဒီ တင်ဒါ(tender)ကို ငါတို့ လက်လွတ်ခဲ့ရတာ စတဲ့ အချက်တွေကို ပြန်လည်
သုံးသပ်ဆွေးနွေးသင့်ပါတယ်။

ရင်ဆိုင်ရမည့် စိန်ခေါ်မှုနှင့် ကြုံတွေ့နေရသည့်အခက်အခဲတွေကို ပိုနားလည်သဘောပေါက်လေ


လုပ်နိုင်မဲ့ option တွေ ၊ စဉ်းစားရမဲ့ နည်းလမ်းတွေ ပိုများများရနိုင်ပြီး အဲဒီထဲက အကောင်းဆုံးနည်းလမ်းကို
ရရှိနိုင်ပါလိမ့်မယ်။

အတွေ့အကြုံတွေ နည်းလမ်းတွေ ရအောင် အဲဒါမျိုး အလုပ်လုပ်တဲ့ ကုမ္ပဏီ မျိုး သို့မဟုတ်


အဖွဲ့ ခေါင်းဆောင်မျိုးအောက်မှာ အလုပ်လုပ်သင့်ပါတယ်။

ပုံမှာပြထားတဲ့ OCBC HQ ရဲ့ AHU တင်ဒါ(tender)တင်တုန်းက သူဌေး စဉ်းစားပုံစဉ်းစားနည်းကို Case


study
အဖြစ်နောက်မှ ရေးပါအုံးမယ်။

ကောင်းထက်ညွန့်
၂၇ရက်နေ့ သြဂုတ်လ ၂၀၁၆

Project မန်နေဂျာ နှင့် Project အင်ဂျင်နီယာ ဘာကွာလဲ


Site အင်ဂျင်နီယာ ၊ Project အင်ဂျင်နီယာ ၊ ဒီဇိုင်းအင်ဂျင်နီယာ ဘာကွာလဲ

Site အင်ဂျင်နီယာ

Site အင်ဂျင်နီယာ ဆိုဒ်ထဲမှာသာ အနေများပြီး site meeting ၊ site inspection ၊ ပစ္စည်းလက်ခံခြင်း (receive
delivery) ၊ sub con သို့မဟုတ် မိမိ အလုပ်သမားများကို supervise လုပ်ခြင်း၊ site က အခြေအနေတွေကို
လိုက်ပြီး တိုင်းတာခြင်း၊ drawing ပြင်ခြင်း၊ update လုပ်ခြင်း၊ ပစ္စည်းမှာကြားခြင်း၊ T&C လုပ်ခြင်း စတဲ့
အလုပ်တွေကို လုပ်ကြရပါတယ်။ အများအားဖြင့် ယောက်ျားလေးနဲ့ ပိုသင့်လျော်ပါတယ်။ ဆိုဒ်အကြောင်း
construction အကြောင်း ပိုသိရပါတယ်။ ဆိုဒ်သေးရင် နှစ်ဆိုဒ် သုံးဆိုဒ် ကိုင်ရပါတယ်။

Project အင်ဂျင်နီယာ

Project အင်ဂျင်နီယာ က တော့ ရုံး မှာ အနေများပြီး လိုအပ်သလို ဆိုဒ်ထဲသွားရပါတယ်။ Equipment


အရွယ်အစား၊ ပိုက် အရွယ်အစား၊ စတာတွေကို basic design concept အခြေခံပြီး တွက်တာ၊ မှာတာ
တွေလုပ်ရပါတယ်။ Hydraulic friction loss ၊ energy usage calculation တွေလုပ်ရပါတယ်။ Progress claim
လုပ်တာ ၊ ဆိုဒ်ထဲမှာ အလုပ်ပုံမှန်အလုပ် ဖြစ်အောင် ၊ ပြီးအောင် ကြိုတင်ပြီးတော့ စီမံရပါတယ်။ sub con တွေ
လုပ်ရမဲ့အလုပ် နဲ့ main con လုပ်ရမဲ့ အလုပ်ကို ကွက
ဲြွဲ ပားပြားသိရပါတယ်။ Contract ကို ပိုင်ပိုင်နိုင်နိုင်
အလွတ်နီးပါး ဖတ်ပြီး နားလည်ထားရပါမယ်။ ဆိုဒ်သေးရင် Project အင်ဂျင်နီယာ အလုပ်နဲ့ Site အင်ဂျင်နီယာ
အလုပ်ကို တစ်ယောက်တည်းပေါင်း လုပ်ရပါတယ်။

1-19
အင်ဂျင်နီယာမှတ်စု ကောင်းထက်ညွန့်

ဒီဇိုင်းအင်ဂျင်နီယာ
ဒီဇိုင်းအင်ဂျင်နီယာကတော့ ကုမ္ပဏီကြီးတွေ သို့မဟုတ် consultant firm မှာ ဆိုဒ်တွေအများကြီး Project
တွေအများကြီး အတွက် ဒီဇိုင်းအင်ဂျင်နီယာ ဆိုပြီး သီးသန့် အင်ဂျင်နီယာဖြစ်ပါတယ်။ basic design concept
တွေကို အဓိက လုပ်တာပါ။ Equipment အရွယ်အစား (chiller size) သတ်မှတ်တာတွေ၊ သုံးရမည့် header
အမျိုးအစား ၊ water cooled သို့မဟုတ် air cooled စတဲ့ သုံးရမည့် အမျိုးအစားတွေ ဆုံးဖြတ်ပေးတာပါ။

Project မန်နေဂျာ နှင့် Project အင်ဂျင်နီယာ ယေဘုယျအားဖြင့် အရှုံးအမြတ်ကို တာဝန်ယူရရင်


မန်နေဂျာ ပါ။ ပိုက်ဆံတွေ ငွေကြေးတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချရရင် မန်နေဂျာပါ။ Technical issue
၊ site issue တွေကိုသာ စီမံ ခန့်ခြွဲ ပီး အရှုံးအမြတ်ကို တာဝန်ယူစရာမလိုရင် အင်ဂျင်နီယာပါ။

တခြားအချက်တွေ ကျန်ပါသေးတယ်။ ကျေးဇူးပြုပြီး ကြွဲ ပားပုံတွေ ပိုထင်ရှားစေမည့်အချက်တွေ


comment box မှာ ရေးခဲ့ပေးပါ။

ကောင်းထက်ညွန့်
၉ရက် အောက်တိုဘာလ ၂၀၁၆

ယုံကြည်မှု တည်ဆောက်ခြင်း

အင်ဂျင်နီယာတစ်ယောက်ဖြစ်ဘို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကတော့ မိမိကိုယ်ကို ယုံကြည်မှု ပါပဲ။ မိမိကိုယ်တိုင်ပဲ


တဖြည်းဖြည်းခြင်း တည်ဆောက်ရတာပါ။

သေးသေးလေးလုပ်ကြည့်လိုက် အဆင်ပြေသွားတော့ မိမိကိုယ် မိမိ ယုံကြည်မှုလေး ရလာလိုက်နဲ့ တဖြည်းဖြည်း


ပျိုးထောင်ယူရတာပါ။ နောက်ခပ်ကြီးကြီးလေး ကြိုးစားကြည့်လိုက် ....... နဲ့ ....

တချိန်ကြတော့ ဘယ်သူကြီးကြပ်မှုမှ မပါပဲ ကိုယ်တိုင်ဒီဇိုင်းဆွ၊ဲ တည်ဆောက်လို့ ရတဲ့ အရည်အချင်းရှိတဲ့


အင်ဂျင်နီယာတစ်ယောက် ဖြစ်လာတာပါ။ အဲဒါကြောင့် project reference တွေက အရေးကြီးတာပါ။ ရေထဲခုန်ချမှ
ရေကူးတတ်တဲ့ သဘောပါ။

ဒါပေမဲ့ တချို့ အင်ဂျင်နီယာတွေကြတော့ ....


နည်းနည်းလေးလျော့ထည့်လိုက် အဆင်ပြေသွားလိုက်။

များများလျော့ထည့်လိုက် ဆင်ခြေလေးပေးလိုက် အဆင်ပြေသွားလိုက်။

ကြီးကြီးမားမား ဂွင်ရိုက်လိုက် ပြဿ နာလေးပေါ်လာလိုက် ... (မင်းကိုနိုင် ပြောတဲ့) တန်ခိုးမရှိတဲ့ ညောင်ပင်ကြီးကြီးက


ရုပ်ကစိုးနတ်တွေကို ပူဇော်လိုက် လွတ်လာလိုက်နဲ့ ... တဖြည်းဖြည်းခြင်း အလီဘာဘာနည်းတွေကို လေ့ကျင့်
ပျိုးထောင်ယူရတာပါ။ ချက်ချင်းကြီး လုပ်တတ်လာကြတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အလီဘာဘာနည်းတွေ ရပ်တန့်သွားဘို့ကတော့ အခြေအနေကောင်းတွေ၊ ပတ်ဝန်ကျင်ကောင်းတွေ၊
မိတ်ဆွေကောင်းတွေလိုပါတယ်။

အခုရပ်တန့်ပေးဘို့ အခြေအနေကောင်းတွေ၊ ပတ်ဝန်ကျင်ကောင်းတွေ၊ မိတ်ဆွေကောင်းတွေ လိုနေတာပါ။

1-20
ကောင်းထက်ညွန့် အင်ဂျင်နီယာမှတ်စု

ကောင်းထက်ညွန့်
၁၉-၀၃-၂၀၁၆

Contents
အလုပ် အင်တာဗျူး ကံကောင်းချက် ........................................................................................... 3

M&E နှင့် Subject Matter Expert(SME).................................................................................... 5

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို သင်ယူ လေ့လာခြင်း (အပိုင်း-၁) ..................... 8

ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု၊ နည်းပညာတစ်ခုကို သင်ယူ လေ့လာခြင်း (အပိုင်း-၂) .................... 15

Blue Ocean (ပင်လယ်ပြာ) .................................................................................................... 16

အင်ဂျင်နီယာ အလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းမည့်သူများ စဉ်းစားရန် ............................................ 17

အင်ဂျင်နီယာ နှင့် တင်ဒါ(tender) ............................................................................................ 18

Project မန်နေဂျာ နှင့် Project အင်ဂျင်နီယာ ဘာကွာလဲ ................................................................ 19

ယုံကြည်မှု တည်ဆောက်ခြင်း .................................................................................................. 20

1-21

You might also like